AD
AD
AD

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးစီးထုတ်လုပ်မယ့် တောပေါက်မြို့ပေါက်ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားကို ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက My Gardan မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ရုပ်ရှင်လောကထဲမှာကျင်လည်နေကြတဲ့ စက်မှုအလွှာရဲ့ ရန်ပုံငွေ အတွက်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာကြောင့် ပါဝင်ကြမယ့် အနုပညာရှင်များရဲ့ စကားသံတွေကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

မသီတာ ( ဒါရိုက်တာကိုဇော်(အရုဏ်ဦး)  ဇနီး)

_________________________________

သူတို့အတွက်လုပ်တဲ့ပွဲက သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေလုပ်တဲ့အတွက် တကယ်ကို ဝမ်းသာစရာကောင်းပါတယ်။ သူတို့တွေ ရဲ့ပိုက်ဆံဆိုတာနည်းနည်းလေးရတာပါ သူတို့ရဲ့လုပ်အားခလေးတွေက တစ်နေ့ရတဲ့ငွေထဲက ကွမ်းဖိုး၊ ဆေးလိပ်ဖိုးကို နှုတ်ပြီးတော့ သူတို့ မိသားစု စားဝတ်နေရေးအတွက် လုပ်နေရတဲ့အချိန်မှာ သူတို့ကို ဒီလိုအဖွဲ့ရဲ့ထောက်ပံ့မှုတွေရှိနေတာ အရမ်းကောင်းပါတယ်။

play

 

မြင့်မြတ်

__________

ဒါဟာ ကျွန်တော်တို့ပရဟိတဇာတ်ကားဆိုရင်လည်း မမှားပါဘူး ဒီဇာတ်ကားထဲမှာပါဝင်တဲ့သူတော်တော်များများက အနုပညာကြေးတွေ လုံးဝမယူကြဘူး။ ဒီကရတဲ့ဝင်ငွေကလည်း စက်မှုအလွှာအတွက် အကျိုးရှိမယ့် အစီအစဉ်တွေလည်း အများကြီးဆွဲထားတယ်။

play

 

ညီထွဋ်ခေါင်

______________

ဒီဇာတ်ကားထဲမှာ ကျွန်တော်က နတ်ကတော်အခြောက်၊ ကြိုလည်းမသိရပါဘူး။ ကျွန်တော်တို့စက်မှုအလွှာရဲ့သာရေးနာရေးဖြစ်တဲ့အတွက် ရလာတဲ့ ကာရိုက်တာအပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ တာဝန်ရှိတာကြောင့် လက်ခံဖြစ်လိုက်တာပါ။

play

 

ခင်လှိုင်

_________

ဒီဇာတ်ကားထဲမှာ မြင့်မြတ်နဲ့ ညီအစ်ကိုပဲပေါ့ ထီပေါက်ပြီးတော့ ဘုရားဖူးသွားကြရင်းနဲ့ လမ်းမှာ ငွေထုတ်ကြီးပျောက်ပြီးတော့ ပြဿနာဖြစ်ကြ တယ်။ ဟာသဇာတ်ရုပ်ပါပဲ။

play

 

Kညီ

______

စက်အဖွဲ့တွေဆိုတာ ကျွန်တော်တို့ထက် ပိုပင်ပန်းပါတယ်။ ကျွန်တော်တို့ထက် အနုပညာကြေးမှာ အများကြီးကွာခြားပါတယ် ကျွန်တော်နဲ့ ဆုံဖူးတဲ့ စက်အဖွဲ့သားတွေဆိုရင် တက်နိုင်တဲ့ဘက်က အမြဲကူညီလေ့ရှိပါတယ်။ ဒါကို ကြုံဖူးတဲ့သူတွေကတော့ သိပါတယ်။

play

 

ရွှေပိုးအိမ်

____________

ညီမကတော့ စိတ်မနှံ့တဲ့ ရူးကြောင်ကြောင်ကောင်မလေးအဖြစ် သရုပ်ဆောင်ရမှာပါ။ အဲ့ဒီဇာတ်ကားထဲမှာ ဝတ်မယ့် အဝတ်အစားလေးတွေ ရယ်၊ ကာရိုက်တာအတွက် လိုအပ်မယ့် အရာလေးတွေကို ကြိုးစားပြီးတော့ လေ့ကျင့်ပြင်ဆင်နေပါတယ်။

play

 

တောပေါက်မြို့ပေါက် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး သရုပ်ဆောင် မြင့်မြတ်၊ ကျော်ကျော်ဗို၊ ညီထွဋ်ခေါင်၊ မင်းရာဇာ၊ ခင်လှိုင်၊ ခိုင်သင်းကြည်၊ သွန်းဆက်၊ မုဏ်း၊ ရွှေပိုးအိမ်၊ တက္ကသိုလ်ဂွမ်းပုံ နှင့် တခြားအနုပညာရှင်များ စွာ တို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD