AD
AD
AD

သရုပ်ဆောင်မြင့်မြတ်ကတော့ အနုပညာလောကထဲမှာရှိတဲ့ စက်မှုအခြေခံအလွှာရဲ့ သာရေး၊ နာရေး ရန်ပုံငွေအတွက် ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားကြီးဖြစ်တဲ့ တောပေါက်၊ မြို့ပေါက်ရုပ်ရှင်ဇာတ်ကားကြီးကို အနုပညာကြေးအားလုံးလှူပြီး လက်ခံရိုက်ကူးဖြစ်တဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အဓိက ကတော့ စက်မှုအလွှာဆိုတာ ရုပ်ရှင်လောကမှာဆိုရင် လုပ်အားခလည်း အနည်းဆုံးရတယ်၊ ပင်လည်းအပင်ပန်းဆုံးပေါ့ တကယ်ကို လေးစားစရာ ကောင်းတဲ့ ပုဂ္ဂိုလ်တွေပါ၊ အခက်အခဲတွေလည်း ကျွန်တော်တို့ထင်ထားတာထက်ကို မနည်းပါဘူး အခက်အခဲလေးတွေ အများကြီးရှိကြပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အနုပညာကြေးဆိုတာကိုမသတ်မှတ်တော့ပဲ ရိုက်ဖြစ်လိုက်တယ်လို့ ပြောပြခဲ့ပါသေးတယ်။

''ဒီဇာတ်ကားကနေရိုက်ပြီးတော့ ရတဲ့ဝင်ငွေနဲ့ ထောက်ပံ့မှုတွေလည်းရှိတယ်။ စက်မှုအဖွဲ့အတွက် နောက်ထပ် Plan လေးတွေလည်း အများကြီးရှိပါတယ်။ အနုပညာကြေးဆိုတာထက်ကို ကျွန်တော်တို့ကမသတ်မှတ်တော့ပဲ ကျွန်တော်တို့အားလုံးရိုက်လိုက်တာပေါ့။တစ်ပြားမှ မယူဘူးလေ'' လို့ သရုပ်ဆောင်မြင့်မြတ်က ပြောပါတယ်။

play

 

သရုပ်ဆောင်မြင့်မြတ်အနေနဲ့ တောပေါက်မြို့ပေါက်ရုပ်ရှင်ဇာတ်ကားကြီးကို အနုပညာကြေးမယူပဲ လက်ခံရိုက်ကူးသွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရုံတင်ပြသမယ့် ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD