AD
AD
AD

မကြာခင်ကမှ ဒုတိယသားလေးကို ပိုင်ဆိုင်လိုက်ရတဲ့ သရုပ်ဆောင်ကေညီကတော့ သားနှစ်ယောက်ရဲ့ဖခင်ဖြစ်လာပြီဆိုတော့ ပုခုံးတွေ ကောင်းအောင် ပြင်ဆင်ထားတယ်၊ မိသားစုကို  မြင့်မားတဲ့ဘဝမျိုးထားနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ သူ့ရဲ့ ဆန္ဒလေးတွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော့်သားနှစ်ယောက်အတွက် ပုခုံးတွေကောင်းအောင်ပြင်ဆင်ထားတယ်၊ အားရှိအောင်များများအိပ်တယ်၊ များများစားတယ် အလုပ် ပိုလုပ်နိုင်အောင်ပါ။ပထမတစ်ယောက်တုန်းကလဲ ကျွန်တော်ရုန်းခဲ့ရတာပဲလေ၊ နောက်တစ်ယောက်ဆိုတော့ ပုခုံးပေါ်မှာ သားငယ်တစ်ယောက် ရောက်လာပြီဆိုတော့ အလုပ်ကို ကောင်းစွာလုပ်မယ် မိသားစုကို ဒီ့ထက်မက မြင့်မားတဲ့ဘဝမျိုးရောက်အောင် ကျွန်တော်ကြိုးစားမယ်'' လို့ သူက ဆိုပါတယ်။

play

 

ဆိုးခဲ့မိုက်ခဲ့တာတွေရှိပေမယ့် အခု ကောင်းအောင်နေနေပြီ ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' ကျွန်တော် ဆိုးခဲ့မိုက်ခဲ့တာတွေရှိတယ် အခုကောင်းအောင်နေနေပြီ။ ဒါကတော့ လူဆိုတာ ကိုယ်ကောင်းတာကိုယ်ပဲသိပါတယ် အဲ့ဒီတော့ အရာအားလုံးကို အရင်နဲ့မတူတဲ့ ကေညီဖြစ်အောင် ၂၀၁၇ မှာ အညစ်အကြေးတွေအားလုံး ထားခဲ့ပြီ။ ၂၀၁၈ မှာ ကျွန်တော် စိတ်သစ်ကိုယ်သစ် နဲ့ မိသားစုကိုလည်း ဒီထက်မြင့် မားတဲ့ ဘဝမျိုးထားချင်ပြီး အလုပ်ကိုလည်း ဒီ့ထက်မက ပိုကြိုးစားချင်ပါတယ်'' လို့ ကေညီက ပြောပါတယ်။

play

 

သရုပ်ဆောင်ကေညီကတော့ အခုလက်ရှိမှာ တောပေါက်မြို့ပေါက်ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပြီး နောက်ထပ်ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။

Photo: ကေညီဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD