AD
AD
AD

ဂျိုကာ ကတော့ သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဂယ်ပဲသရဲနှင့် သူငယ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲက ဖက်တီးဆိုတဲ့ ကာရိုက်တာအကြောင်းနဲ့ အမှတ်တရဖြစ်ခဲ့ပုံတွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်က ဖက်တီးဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားတယ်၊ အဲ့ဒီတုန်းကလည်း လူက အခုထက်ဝတယ်၊ နာမည်နဲ့ လူနဲ့ကလည်း လိုက်တော့ ဖက်တီးဖြစ်သွားတာပေါ့။ အမှတ်တရတွေကတော့ ညီအစ်ကိုနှစ်ယောက် အတူတူပါပြီး သက်သက်စီ ကောင်မလေးကို လိုက်ရတဲ့ ကာရိုက်တာ လုပ်ရတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကာရိုက်တာက ဘော်ဒါအကန့်တောင်မရှိတော့ဘူး တစ်ယောက်နဲ့တစ်ယောက် မတည့်တဲ့ပုံစံ တွေ သရုပ်ဆောင်ထားရတာတော့ အမှတ်တရပါပဲ'' လို့ ဆိုပါတယ်။

play

 

ဟာသဇာတ်ကားလေးတစ်ကားဖြစ်လို့ ပရိသတ်တွေလာရောက်ကြည့်ရှုအမောပြေကြစေဖို့ ဖိတ်ခေါ်စကားဆိုခဲ့ပါတယ်။

'' နှစ်ဆန်းမှာ ကျွန်တော်တို့ဇာတ်ကားလေးက ဟာသ သဘောမျိုးလည်းဖြစ်တယ်၊ ပျော်စရာလေးတွေနဲ့ စိတ်ဝင်စားစရာလေးတွေ လည်းပါ တယ်။ အနုပညာရှင်တွေအကုန်လုံးကလည်း တက်ညီလက်ညီ သရုပ်ဆောင်ထားကြတယ်။ ဒါကြောင့် ဒီဇာတ်ကားလေးကို ပရိသတ်တွေ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်'' လို့ ဂျိုကာက ပြောပါတယ်။

play

 

ဇန်နဝါရီလ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် ဂယ်ပဲသရဲနှင့် သူငယ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သူငယ်ရွာရဲ့ ချစ်စရာကောင်းတဲ့ ဖက်တီး ဆိုတဲ့ကောင်လေးအဖြစ် ဂျိုကာ က သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD