AD
AD
AD

သရုပ်ဆောင်ခင်လှိုင်ကတော့ အနုပညာလောကအတွင်းမှာရှိတဲ့ စက်မှုအလွှာအခြေခံအလွှာ သာရေးနာရေးအတွက် ရိုက်ကူးတဲ့ တောပေါက် မြို့ပေါက်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကြီးလက်ခံရိုက်ကူးဖြစ်တဲ့ အကြောင်းကိုလည်း Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

'' စက်မှုအလွှာက ကျွန်တော်တို့ရုပ်ရှင်လောကမှာဆိုရင် ဝင်ငွေတော်တော်နည်းတဲ့ သူတွေအများဆုံးရှိတဲ့ အလွှာဖြစ်တယ်။ အဲ့ဒီတော့ သူတို့အလွှာအတွက် မတည်ထားတဲ့ရန်ပုံငွေဆိုတာ များများစားစားရှိသင့်တယ်လေ စက်မှုလုပ်သားတွေက ပိုများတယ်။ သူတို့အတွက် သာရေးနာရေးမှ မဟုတ်ဘူး၊ ပညာရေးတွေပါ ပါတယ်။ မိသားစုဝင်တွေရဲ့ ကျောင်းထားမယ့် ကလေးတွေကိုတက်နိုင်သလောက် ပံ့ပိုးကူညီမယ် ဆိုတာလည်း သိရတယ်'' လို့ သူကဆိုပါတယ်။

play

 

ဒီရုပ်ရှင်ဇာတ်ကားကြီးကနေ ရရှိလာမယ့် ရန်ပုံငွေတွေကိုလည်း စက်မှုအခြေခံအလွှာအတွက် အသုံးပြုသွားမှာဖြစ်တဲ့အတွက် မင်္ဂလာရှိတယ်လို့ ဆိုပါတယ်။

'' တကယ်ကို တက်ကျွမ်းနားလည်တဲ့ ပညာရှင်တွေကိုခေါ်ပြီးတော့ Workshop တွေလုပ်မယ်။ သင်တန်းတွေပေးမယ် တခြားဘာသာစကား တွေလည်း သင်ပေးမယ်ဆိုတော့ ဒါဟာစက်မှုအလွှာအတွက် တိုးတက်လာနိုင်တဲ့ အကြောင်းအရာတွေကို အခြေခံထားတဲ့အတွက် တော်တော် လေး မင်္ဂလာရှိတယ်။ ဒီလိုမျိုးလုပ်ဖို့အတွက် ညီလေးမြင့်မြတ်က သူ့ရဲ့ အနုပညာကြေးတွေကို အကုန်လုံးလှူပြီးတော့ မ တည်တာပေါ့နော်။ အစ်ကိုတို့ကတော့ နည်းပါတယ် လုပ်အားနဲ့ ငွေအားနည်းနည်းနဲ့ ကူညီတာပေါ့'' လို့ ခင်လှိုင်က ပြောပါတယ်။

play

 

သရုပ်ဆောင်ခင်လှိုင်အနေနဲ့ တောပေါက်မြို့ပေါက်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြင့်မြတ်ရဲ့ သူငယ်ချင်းနေရာက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက စီစဉ်ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ပုံဖော်ဖန်တီးရိုက်ကူးသွားမယ်လို့ဆိုပါတယ်။

photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD