AD
AD
AD

Mister Title ဆုတွေ အများကြီးပိုင်ဆိုင်ပေမယ့်လည်း လမ်းဘေးမှာ ဈေးအော်ရောင်းခဲ့ရတဲ့ဘဝကို မမေ့ဘူး ဆိုတဲ့ သူရထူး ကတော့ ညီအစ်ကိုသုံးယောက်စလုံးကို ပညာတက်ကြီးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိခင်ကတော့ သူ့အတွက် သူရဲကောင်းတွေထက်ပိုပြီး သတ္တိရှိတဲ့ သူရဲကောင်းတစ်ယောက်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' မေမေက ကျွန်တော် ငယ်ငယ်လေးကတည်းက အင်းစိန်ဈေးမှာ ကရေကယာရောင်းတယ်၊ သမိုင်းလမ်းဆုံမှာ အသုပ်ရောင်းတယ်၊ ပြီးတော့ လှည်းတန်းဈေးမှာ ရွှေရင်အေးရောင်းတယ်။ ဈေးသည်ဘဝကနေဖြတ်သန်းပြီး ကျွန်တော်တို့ ညီအစ်ကို ၃ ယောက်ကို ပညာတွေတက်အောင် စဉ်းစားတွေးခေါ်နိုင်တဲ့ အရည်အချင်းတွေရှိလာအောင် လူတောတိုးနိုင်အောင်အခုချိန်ထိ ကျွေးမွေးပြုစုနေရတုန်း၊ ကျွန်တော်ကိုယ်တိုင်လည်း အခုချိန်ထိ မေမေ့ကို ပိုက်ဆံမအပ်နိုင်သေးပါဘူး အဲ့ဒီအတွက် ကျွန်တော့် အမေကို ကျွန်တော် အရမ်းတန်ဖိုးထားတယ်'' လို့ သူကဆိုပါတယ်။

play

 

ဈေးတွေအတူတူရောင်းဖို့ ကုန်တွေအတူတူကြိုခဲ့ရတဲ့ အမေ့ကို အရမ်းချစ်တဲ့ အကြောင်းကိုလည်း ဖွင့်ဟပြောပြခဲ့ပါသေးတယ်။

'' အမေ့ကိုလည်း ကျွန်တော်အရမ်းချစ်တယ်၊ ညဈေးတန်းမှာ သရက်သီးတွေရွေးခဲ့ရတယ် သီရိမင်္ဂလာဈေးမှာ ကုန်တွေအတူတူထမ်းပြီးတော့ ဈေးတွေ အတူတူရောင်းဖို့အတွက်က ကုန်သွားကြိုခဲ့ရတဲ့အရာလေးတွေကို ပြန်သတိရတော့ အမေ့ကို ကျေးဇူးဆပ်ချင်တယ်။ ကျွန်တော့် အတွက်ကတော့ အမေဆိုတာက ပေးဆပ်ဖို့သက်သက်မွေးဖွားလာတဲ့ အမျိုးသမီးတစ်ယောက်လို့ ခံယူထားပါတယ်။ အမေ့ကို အရမ်းချစ်ပါ တယ်'' လို့ ဆိုပါတယ်။

play

 

သူရထူးကတော့ သူချစ်တဲ့ သူ့မိခင်အတွက် Duwun Media ကနေ စကားလက်ဆောင်ပြောပြခဲ့ပါသေးတယ်။

'' အမေဟာ ကျွန်တော့်ဘဝအတွက် သတ္တိရှိတဲ့ သူရဲကောင်းတွေထက်ပိုပြီး သတ္တိရှိတဲ့ သူရဲကောင်းတစ်ယောက်ပါ။ အဲ့ဒီအတွက်ကြောင့် အမေ့ဘေးနားမှာ ကျွန်တော်အမြဲတမ်းရှိနေမယ်။ အမေ့ရင်ခွင်ထဲမှာလည်း ကျွန်တော်အမြဲတမ်းရှိနေချင်ပါတယ် သားကို ဒီ့ထက်မက ပိုပြီးတော့ ချစ်ပေးပါ၊ သားလည်း အမေ့ကို ဒီ့ထက်မက ပိုချစ်ချင်ပါတယ်။ သက်ရှိထင်ရှားနဲ့ ကျွန်တော်တို့ မိသားစု ပျော်ပျော်ပါးပါးနေချင် ပါတယ်လို့ အမေ့ကို တောင်းဆိုချင်ပါတယ်'' လို့ သူရထူးက ပြောပါတယ်။

play

 

သူရထူး အနေနဲ့ အခုဆိုရင် ခေါင်းဆောင်မင်းသားအဖြစ် ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူးနေရသလို တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေပြီ လို့ သိရပါတယ်။ဇာတ်လမ်းတွဲရိုက်ကူးဖို့လည်း လက်ခံထားတာရှိသေးတယ်လို့ သူရထူးက ပြောပါတယ်။

photo: သူရထူးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD