AD
AD
AD

ရဲနောင်ကတော့ သူ့ရဲ့မွေးနေ့အတွက် ဖျော်ဖြေပွဲလေးကို မအူပင်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီလို ဖျော်ဖြေပွဲကျင်းပ ဖြစ်တာ က လည်း မအူပင်မှာ သူနဲ့အတူ Myanmar idol က သူငယ်ချင်း ၁၀ ယောက်စလုံးရဲ့ ပရိသတ်တွေကို အားကျစေချင်တဲ့ ဆန္ဒနဲ့ ကျင်းပဖြစ်တယ် လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ပရိသတ်တွေဆီကနေ ကျွန်တော် အနုပညာလမ်းကြောင်းပေါ်မှာ ရှိနေသေးတယ်ဆိုတာကို သိစေချင်တယ်။ မအူပင်က လူငယ်တွေကိုလည်း ကျွန်တော်တို့ မောင်နှမ ၁၀ ယောက်စလုံးကို အားကျစေချင်တယ်။ ကျွန်တော်တို့လည်း အောင်မြင်တဲ့ သူတွေတော့မဟုတ်ဘူး ဒါပေမယ့် အနုပညာလမ်းကြောင်းပေါ်မှာ ပွဲတွေဆိုရတယ် နဂိုအခြေအနေထက် အများကြီးခြားနားသွားတယ် အဲ့ဒါလေးကို သိစေချင်လို့ ဖျော်ဖြေပွဲလုပ် တာပါ'' လို့ ဆိုပါတယ်။

play

 

နောက်နှစ်မှာ တစ်ကိုယ်တော်အခွေထွက်နိုင်အောင် ကြိုးစားနေပြီလို့လည်း သိရပါတယ်။

'' ၂၀၁၈ အလယ်လောက်မှာ အခွေထွက်ဖို့အစီအစဉ်ရှိပါတယ်။ အဲ့ဒီအတွက်ကျရင်လည်း ကျွန်တော့်ကို အားပေးကြပါ။ အခွေထဲမှာပါမယ့် သီချင်းအရေအတွက်အလိုက် သီချင်းတွေ တီးပြီးပြီ အချောသတ်ဖို့ပဲ ရှိပါတော့တယ်။ မွေးနေ့ရက် ပြီးရင်လည်း ကျွန်တော့် သီချင်းလေး MTV တစ်ပုဒ်ကို လိုင်းပေါ်မှာ Free တင်ပေးမှာပါ။ ကျွန်တော့်ကို အားပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေ အားလုံး ကြည့်လို့ရအောင်ပါ'' လို့ ရဲနောင်က ပြောပါတယ်။

play

 

ရဲနောင်ရဲ့ မွေးနေ့ပွဲကိုတော့ ဇန်နဝါရီလ ၅ ရက်နေ့၊ မအူပင်မြို့နယ် တိုးရွှေဝါ ခန်းမ မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ သူ့အနေနဲ့ Myanmar idol Season 2 ပြိုင်ပွဲကြီးပြီးကတည်းက နယ်ဖျော်ဖြေပွဲတွေဆက်တိုက် သီဆိုနေရတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD