AD
AD
AD

ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့ ချစ်လှစွာသော သမီးကြီး ဒိန်းပိုပိုဒေါင်ကတော့ အနုပညာအလုပ်ကို ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး ဖခင်ဦးဒိန်းဒေါင်က သရုပ်ဆောင်ဘက်ကို အားမပေးတဲ့ အတွက် အခုချိန်ထိ အခွင့်အရေးမရသေးဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကိုယ်တိုင်ကတော့ အနုပညာကို အရမ်းဝါသနာပါတယ်၊ တော်တော်ကို ဝါသနာပါတာ။ ငယ်ငယ်တုန်းက ဆိုင်းတွေရှိတော့ အဒေါ်နဲ့အတူ ဆိုင်းတွေမှာ သီချင်းလိုက်ဆိုတယ်။ ဝါသနာကတော့ တော်တော်ကိုပါပေမယ့် ဖေကြီးက ဘာဖြစ်လို့လည်းမသိဘူး သဝန်တိုလို့ပဲလား မပြောတတ်ဘူး တခြားကမ်းလှမ်းတာတွေရှိရင်လည်း ဖေကြီးဆီကို ကိုယ်တိုင်ဖုန်း ဆက်ပြောရင် အားရဲ့သားနဲ့ မအားလို့ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီးတော့ ငြင်းလိုက်တာတွေရှိတယ်'' လို့ သူကဆိုပါတယ်။

play

 

ဦးဒိန်းဒေါင်ရဲ့ အဖွဲ့နဲ့အတူ သီချင်းတွေလိုက်ဆိုနေရလို့ ကျောင်းမတက်ဖြစ်သေးဘူးလို့ ဆိုပါတယ်။

'' ဖေကြီးက သရုပ်ဆောင်ဘက်ကို အားမပေးလို့ဖြစ်ပါလိမ့်မယ် အဆိုနဲ့ပတ်သက်လာရင်တော့ ဘယ်က ငှားငှား လက်ခံတယ်။ ဖေကြီးရဲ့ အဖွဲ့ထဲမှာလည်း သီချင်းတွေလိုက်ဆိုနေရတော့ ပညာရေးက ပထမနှစ်တက်မယ်လုပ်လိုက် Assignment တင်ထားလိုက် စာမေးပွဲဖြေခါ နီးကျရင် အနုပညာတစ်ခုခုကြောင့် ပျက်သွားလိုက်နဲ့ ဆိုတော့ ၁၀တန်းအောင်ပြီးကတည်းက အခုချိန်ထိ တက္ကသိုလ်မတက်ဖြစ်သေးပါဘူး၊ ဒီနှစ်မှ အငယ်တွေနဲ့အတူတူတက်ရမှာပေါ့ မြန်မာစာအဝေးသင် '' လို့ ဒိန်းပိုပိုဒေါင်က ပြောပါတယ်။

play

 

သူ့ရဲ့ မိသားစု အကြောင်းလေးကိုလည်း Duwun ပရိသတ်တွေအတွက် မိတ်ဆက်ပေးခဲ့ပါသေးတယ်။

'' ပိုပိုက အကြီးဆုံးသမီးပါ။ အလယ်က ၂ယောက်ကတော့ အမြွှာလေး သူတို့က ၁၀တန်းပါ။ အဲ့ဒီအမြွှာလေးတွေရဲ့အောက်က ယောက်ျားလေးပါ သူက ၈ တန်း၊ အငယ်ဆုံးလေးကတော့ ၃ နှစ်ရှိပါပြီ။ ဖေကြီးက မအားတာတော့များတယ် နွေးထွေးမှုဆိုတာထက် ဂရုစိုက်မှုတော့ ပေးနိုင်ပါ တယ်။ ငယ်ငယ်ကတည်းက မေကြီးနဲ့နေလာတာဆိုတော့ နွေးထွေးမှုကတော့ သိပ်မပေးနိုင်ဘူး ပွဲတွေမှာဆိုရင်တော့ ဖေကြီးနဲ့ နေရပါတယ်'' လို့ ဆိုပါတယ်။

play

 

ဒိန်းပိုပိုဒေါင်ကတော့ ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ Facebook ကို စွဲစွဲလမ်းလမ်းသုံးတတ်ပြီး ဓာတ်ပုံတွေ ခဏခဏတင်လေ့ရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo: ဒိန်းပိုပိုဒေါင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD