AD
AD
AD

ပျော်ရွှင်စရာ ရီမောစရာကောင်းတဲ့ ဟာသဗီဒီယိုလေးတွေကို ပရိသတ်အရှေ့ချပြလေ့ရှိတဲ့ အောင်ရဲထွေး( ရဲထွေးအောင်) တစ်ယောက် ကွယ်လွန်သွားတဲ့သတင်းမှာမှန်ကန်ကြောင်း 7 Sense Film Productionမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုလိုက်ပါတယ်။

play

အောင်ရဲထွေးဟာ နယူးရီးယားညက ကလပ်တစ်ခုမှာ အမည်မသိ လူအုပ်စုတစ်စုမှ ခေါင်းကို သံဖိနပ်များနဲ့ ဝိုင်းဝန်းကန်ခံရရာမှ ဦးခေါင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ဆေးရုံတင်ထားခဲ့ရပြီး ယနေ့ (ဇန်နဝါရီလ ၂ ရက်) နေ့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး သူနဲ့အတူ အနုပညာအလုပ်တွေ လက်တွဲလုပ်နေတဲ့  7 Sense Film Production ကိုဝေမင်းမောင် က မှန်ကန်ကြောင်း အတည်ပြုပြီး ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။

play

 

'' ခံစားချက်ကတော့ အစ်ကိုတို့ရဲ့ အလားအလာကောင်းတဲ့ အနုပညာရှင်လူငယ်တစ်ယောက် အဲ့ဒီလိုဖြစ်သွားတာကို  ဘယ်လို အကြောင်း ကြောင်းတွေကြောင့် ဖြစ်တယ် မသိပေမယ့်လည်း တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ သူငယ်ချင်းတွေလို ညီအစ်ကိုတွေလို နေလာ ကြတာဆိုတော့ တော်တော်ကြီးကို စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်'' လို့ 7 Sense Film Production က ကိုဝေမင်းမောင်က ပြောပါတယ်။

play

 

အောင်ရဲထွေး (ရဲထွေးအောင်) ဟာ 7 Sense Film Production ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ပူးပေါင်းကာ ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေသူဖြစ်ပါတယ်။

play

 

ဟာသဗီဒီယိုလေးတွေကို ဖေ့စ်ဘွတ်မှာတင်ရင်း နာမည်ရလာတဲ့ အောင်ရဲထွေးဟာ Follower ၁၃ သိန်းကျော် ရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ အွန်လိုင်း ဆယ်လီတစ်ဦးလည်း ဖြစ်ပါတယ်။ အောင်ရဲထွေးရဲ့ ဈာပနအခမ်းအနားကိုတော့ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

Photo: အောင်ရဲထွေးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD