AD
AD
AD

သရုပ်ဆောင်အောင်ရဲထွေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ဟာသဗီဒီယိုလေးတွေ တင်ဆက်ပေးလေ့ရှိတဲ့ အောင်မိုးဦးကတော့ လတ်တလောမှာ သူငယ်ချင်းဖြစ်သူ အောင်ရဲထွေးအတွက် အလှူအတန်းတွေ ဆက်တိုက်လုပ်ပေးဖြစ်နေတယ်လို့ Duwun Media ကနေပြောပြ ခဲ့ပါတယ်။

play

 

'' သူ ဒီလိုဖြစ်သွားတဲ့နောက်ပိုင်း အလှူလေးတွေလည်း ဆက်တိုက်လုပ်ဖြစ်တယ်။ နေ့တိုင်းအလိုလိုလုပ်ဖြစ်တယ် ၊ ဒီ့ထက်မကလုပ်သွားဖို့လည်း ရှိတယ်၊ သူနဲ့ ကျွန်တော်နဲ့ အမှတ်တရ တွေကိုလည်း ကျွန်တော်သေတဲ့အထိမေ့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူနဲ့ ကျွန်တော်နဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့အပေါ်မှာ တိုက်ဆိုင်မှရယ်လို့မဟုတ်ဘူး မတိုက်ဆိုင်ရင်လည်း သူ့ကို သတိရနေမှာပါ'' လို့ အောင်မိုးဦးက ပြောပါတယ်။

play

 

ငယ်သူငယ်ချင်းဖြစ်သူ အောင်ရဲထွေးကိုလွမ်းနေပေမယ့် ကောင်းရာမွန်ရာရောက်အောင် ဆုတောင်းပေးကြဖို့အတွက် အခုလိုပြောပြခဲ့ပါတယ်။

'' သူ့ကိုချစ်တဲ့ ပရိသတ်တွေရောပေါ့ သူဆုံးသွားတဲ့ အပေါ်မှာ ဒါကြီးကို လွမ်းနေမယ့်အစား သူ့အတွက် ဆုတောင်းမေတ္တာပို့ပေးကြပါ။ အဲ့ဒါမှ သူလည်း ကောင်းရာမွန်ရာ ရောက်မှာပါ။ ကျွန်တော်လည်း အဲ့ဒီလိုပဲ ခံယူထားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်လည်း ၂ ရက် ၃ ရက်လောက်က တော်တော်ကြီးကို ခံစားလို့လည်းမရဘူး၊ မယုံလည်း မယုံကြည်နိုင်ခဲ့ဘူး၊ အဲ့ဒီအပေါ်မှာပဲ ကျွန်တော့်ဘာသာ ပျော်အောင်နေ လိုက်တယ်၊ အဆင်ပြေအောင်နေတယ်၊ သူကောင်းဖို့အတွက်ကတော့ အလှူအတန်းလေးတွေလုပ်ပြီးတော့ ဆုတောင်းပေးဖို့ပဲ လိုအပ်တယ်'' လို့ ဆိုပါတယ်။

play

 

လတ်တလောမှာတော့ သူငယ်ချင်းကြောင့် စိတ်မကောင်းဖြစ်နေရတဲ့အတွက် နောက်ပိုင်းကျရင်တော့ အောင်ရဲထွေးနဲ့ သူ့ရဲ့ ပရိသတ်တွေ အတွက် အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။

'' လတ်တလောကတော့ ကျွန်တော် ဘာမှ ရိုက်ဖြစ်ဦးမယ်မထင်ပါဘူး၊ စိတ်မကောင်းလို့ ရိုက်ဖြစ်ဦးမယ်မထင်ဘူး။ ဒါပေမယ့် နောက်ပိုင်းကျရင် တော့ ဆက်တိုက်လုပ်သွားမှာပါ။ အနုပညာက ကျွန်တော်လုပ်ချင်တဲ့ အရာတစ်ခုဖြစ်တဲ့အတွက် သေတဲ့အထိတော့ လုပ်သွားမှာပေါ့နော်၊ နောက်ပိုင်းကျရင်တော့ ဆက်တိုက်လုပ်သွားမှာပါ'' လို့ အောင်မိုးဦးက ပြောပါတယ်။

play

 

အောင်မိုးဦးကိုတော့ သရုပ်ဆောင် အောင်ရဲထွေး၊ သရုပ်ဆောင် အောင်သူလွင်တို့နဲ့ အတူ ဟာသဗီဒီယိုလေးတွေ တင်ဆက်ရင်း ဖေ့ဘုတ် ဆယ်လီတစ်ဦးအဖြစ် ပရိသတ် အများကြီးရရှိလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo: အောင်မိုးဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD