AD
AD
AD

Myanmar idol Season 3 သီချင်းဆိုပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အနေနဲ့ ဒိုင်လူကြီးတစ်ယောက်အဖြစ်ပါဝင်လာမယ့် သရုပ်ဆောင်အကယ်ဒမီ ရန်အောင်ကတော့ သူ့အနေနဲ့ ပြိုင်ပွဲမှာ ဝင်ပြိုင်ကြမယ့် ဝါသနာရှင်တွေရဲ့ အနုပညာအရည်အချင်းTalent ပိုင်းကိုကြည့်ပြီး ရွေးချယ်သွား မှာဖြစ်တဲ့အတွက် အားလုံးကြိုးစားဖို့ကိုလည်း Duwun Media ကနေ အားပေးစကား ဆိုခဲ့ပါတယ်။

play

 

'' အဆိုပိုင်းကိုတော့ ထဲထဲဝင်ဝင်ဆရာကြီး ၃ ယောက်ပါတယ် သူတို့ရွေးချယ်မယ်ပေါ့နော်။ အစ်ကို့ဘက်က ကျတော့ ပါဖောမန့်ကို ကြည့်ပြီး ရွေးမယ်၊ သူတို့ရဲ့ Talent တွေကိုကြည့်ပြီးတော့ တစ်ထောင့်တစ်နေရာကနေပြီးတော့ ရွေးချယ်ပေးမှာပါ။ ဝါသနာရှင်တွေအားလုံး ညီငယ်၊ ညီမငယ်တွေ အားလုံးကြိုးစားပါ၊ အများကြီးသိအောင်လည်း ကြိုးစားပါ။ စိတ်ဓာတ်လည်း မကျနဲ့ ဒါပြိုင်ပွဲတစ်ခုပဲ ယှဉ်ပြိုင်ခြင်းသာအဓိက ပါလို့ပြောချင်ပါတယ်'' လို့ ဆိုပါတယ်။

play

 

တစ်နိုင်ငံလုံးအားပေးကြတဲ့ သီချင်းဆိုပြိုင်ပွဲကြီးမှာ ဒိုင်လူကြီးအဖြစ်ပါဝင်ရမှာဖြစ်တာကြောင့် ဝေဖန်ခံရမယ့် အနေအထားတွေကိုလည်း အခုလို တုံ့ပြန်စကားဆိုခဲ့ပါတယ်။

'' ကျွန်တော်တို့ကို ဝေဖန်မှုဆိုတာ အခုမှမဟုတ်ပါဘူး၊ အရင်တုန်းကတည်းက အနုပညာရှင်အများစုက ဝေဖန်ခံရတယ်။ အနုပညာတစ်ခု အပေါ်မှာလည်း ကျွန်တော်တို့ အရိုးသားဆုံးလုပ်တယ်၊ ရိုးရိုးသားသားလုပ်တယ်ပြောတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စတစ်ခုကလည်း ရိုးရိုးသားသားပါဆိုတာကို ပရိသတ်က အချိန်တန်ရင်သိမှာပါ'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီရန်အောင်ကတော့ သရုပ်ဆောင်ဘက်မှာလည်း အရည်အချင်းပြည့်ဝပြီး အကယ်ဒမီဆုတွေလည်း အများကြီး ပိုင်ဆိုင်ထားတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူ့အနေနဲ့ ဂီတဘက်မှာလည်း အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။

Photo: ရန်အောင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD