AD
AD
AD

ကြီးလေးကြီးရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း အမှတ်တရ ရင်ခုန်သံစကားတွေကို အခုလိုပြောပြခဲ့ပါတယ်။

play

 

ခန့်စည်သူ

_____________

ကြီးလေးကြီးမှာ ကျွန်တော်က လူပျိုကြီးနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကျွန်တော် သေချာမေးပါတယ် လူပျိုကြီးဆိုတာ ရက်ရောတဲ့ လူပျိုကြီးလား၊ စေ့စပ်တဲ့လူပျိုကြီးလား၊ အရမ်းကပ်စေးနဲတဲ့ လူပျိုကြီးလား မေးတော့ အရမ်းကပ်စေးနဲတဲ့ လူပျိုကြီးဖြစ်တဲ့အတွက် ဒါရိုက်တာ လိုချင်တဲ့ ပုံစံအတိုင်း ကြိုးစားဖြစ်ခဲ့ပါတယ်။

play

 

အိန္ဒြာကျော်ဇင်

________________

ဒီဇာတ်ကားထဲမှာက အပျိုကြီးကာရိုက်တာပေါ့၊ ရွာထဲမှာ ငွေတိုးချေးစားတယ်၊ ပြီးတော့ အပျိုကြီး ဇီဇာကြောင်တယ်၊ အလှကြိုက်တယ်၊ အသန့်ကြိုက်တယ် အဲ့ဒီလို ကာရိုက်တာလေးပါ။

play

 

ကျော်ထူး

__________

အရက်သမားတစ်ယောက်ရဲ့ ကာရိုက်တာပေါ့နော် အရက်သောက်ပါများသွားတော့ Memory Out သွားတာလေးတွေကို ပြချင်တာပါ။ လူတစ်ယောက်က အရက်သောက်ပါများရင် Memory out သွားနိုင်ပြီး သူများပြောသမျှကို ခံရနိုင်တယ်ဆိုတဲ့ Message လေးပေးချင်တာပါ။

play

 

ကြီးလေးကြီးရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၁၉ ရက်နေ့က စပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာပြည်ဟိန်းသီဟ ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ဖြစ်ပါတယ်။ ကြီးလေးကြီးရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီလူမင်း၊ အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ခိုင်သင်းကြည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD