AD
AD
AD

သရုပ်ဆောင်အကယ်ဒမီ အိန္ဒြာကျော်ဇင်ကိုတော့ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ချစ်ရတဲ့ခင်ပွန်း ပြေတီဦးကရော၊ သူ့ကိုချစ်တဲ့ပရိသတ်အားလုံးကပါ အကယ်ဒမီဆုကို ရစေချင်နေကြတဲ့အပေါ် အိန္ဒြာကျော်ဇင်က Duwun Media ကနေ တုံ့ပြန်စကား ဆိုခဲ့ ပါတယ်။

play

 

'' အစ်မ အနေနဲ့ကတော့ အများကြီး ကြိုးစားပြီးသွားပြီပေါ့နော်၊ အစ်မကြိုးစားထားတဲ့ အပိုင်းမှာလည်း အရင်ဇာတ်ကားတွေ ထက် ကျေနပ် အားရမှုရှိတယ်လို့ ပြောလို့ရတယ်၊ ရင်ဘတ်ထဲက ဓားကိုလေ ။ ဒါပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဘယ်လောက်ကြီးပဲ အားရ အားရ နောက်ပိုင်း ကဏ္ဍတွေက ပရိသတ်တွေ ဘယ်လောက်ပဲ အားပေး၊ ရစေချင်နေကြပါစေ အကယ်ဒမီလူကြီးတွေ ပေးမှပဲ ရမယ်၊ ဒါကို ခဏခဏလည်းပြောဖြစ်တယ်၊ ဒါကလည်း အမှန်တရားပဲဆိုတော့ ကံတရားလည်း ပါပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

ဇနီးမောင်နှံနှစ်ယောက်စလုံး အတွဲညီညီနဲ့ ပရိသတ်ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ခင်ပွန်းဖြစ်သူကိုလည်း အကယ်ဒမီရ စေချင် တယ်လို့ သူကဆိုပါတယ်။

'' အနုပညာသမားကတော့ ဘယ်သူပဲဖြစ်ဖြစ် လိုချင်မယ်လို့ အစ်မ ထင်ပါတယ် ဆိုတော့ လိုချင်ပါတယ်၊ အစ်မကို ချစ်တဲ့ ပရိသတ်တွေ အတွက် ကိုလည်း သူတို့ကို အရမ်းပျော်စေချင်တယ်။ ကိုယ်ရလို့ရှိရင် ကိုယ့်ထက်ပိုပျော်မယ်လို့ ထင်တယ်၊ သူတို့ပျော်တာကိုလည်း အရမ်းမြင်ချင်တော့ ရရင်တော့ အကုန်လုံး အတူတူဝမ်းသာကြ၊ အတိုင်းထက်အလွန်ပေါ့။ ကိုပြေကြီးကိုလည်း ရစေချင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ သရုပ်ဆောင်ကို တကယ် စိတ်ထဲနှစ်ပြီး အင်နဲ့အားနဲ့ ကြိုးစားသူတိုင်း ဘယ်သူ့ကို မဆို အစ်မ ရစေချင်တယ်'' လို့ အကယ်ဒမီ အိန္ဒြာကျော်ဇင် က ပြောပါတယ်။

play

 

သရုပ်ဆောင် အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားထဲက လရိပ်ဝေး ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ကာရိုက်တာကို အကောင်းဆုံးသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မိန်းမတစ်ယောက်ရဲ့ခံစားချက် သူ့ရဲ့ ယုံကြည်ချက်၊ သူ့ရဲ့ အမှန်တရား အဲ့ဒါမျိုးတွေနဲ့ ရှေ့ဆက် နေတဲ့ မိန်းမတစ်ယောက်ပေါ့ ပုံစံအဖြစ် ပါဝင်ထားတာပါ။

Photo: ရင်ဘတ်ထဲက ဓား Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD