AD
AD
AD

သရုပ်ဆောင်လင်းဇာနည်ဇော်နဲ့ သရုပ်ဆောင် ချစ်ချစ်ဇော်တို့ရဲ့ ရွှေတောင်ခေါက်ဆွဲလေးကိုတော့ အနုပညာမောင်နှမတွေနဲ့အတူ ပရိသတ် တွေကလည်း အားပေးနှစ်သက်နေကြပြီဖြစ်ပါတယ်။ ရွှေတောင်ခေါက်ဆွဲ လုပ်ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း Duwun Media ကနေပြောပြ ခဲ့ပါတယ်။

play

 

'' အစ်မတို့ ခေါက်ဆွဲကို ရွှေခေါက်ဆွဲလို့ နာမည်ပေးထားတယ်၊ ဒီခေါက်ဆွဲလုပ်တာက ၄ လကျော်လောက်ရှိပြီ။ ပထမတုန်းကတော့ ဆက်တိုက် ကြီး လုပ်ဖြစ်လိမ့်မယ်လို့ မထင်ဘူးပေါ့အစ်မရဲ့ အစ်မဖြစ်သူ မချစ်က ခေါက်ဆွဲလေး စားရင်းနဲ့ သူကြိုက်တာကို သူများကိုလည်း ကျွေးချင်တယ်ဆိုတဲ့ အခါကျတော့ အစ်မတို့ကလည်း ထုံးစံအတိုင်း ဖေ့ဘုတ်ပေါ်တင်လိုက် မိတဲ့ နောက် ဒီနေ့အထိ အော်ဒါတွေဆက်တိုက် လုပ်ရတယ်'' လို့ သူကဆိုပါတယ်။

play

 

အော်ဒါတွေဆက်တိုက်လုပ်နေရတဲ့ သူတို့အနေနဲ့ ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင် မဖွင့်ဖြစ်သေးတဲ့ အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' အစ်မတို့က အလုပ်ထဲကို စိတ်ရော ကိုယ်ပါနှစ်လို့မရဘူး ဘာလို့လဲဆိုတော့ အစ်မတို့အဖေက အသက်လည်း ၉၀ ကျော်နေပြီ၊ အယ်ဇိုင်းမား အိပ်ရာထဲမှာပဲ နေရတာဆိုတော့ ညီအစ်မနှစ်ယောက်စလုံးက အဖေ့ကိုပြုစုနေရတာလေ။ ဆိုင်ထိုင်ဖို့အထိကတော့ အချိန်မပေးနိုင်ဘူး အော်ဒါကျတော့ သူ့အချိန်နဲ့သူပဲပေါ့ ပွဲတစ်ပွဲကို ၃ နာရီပေးရတာဆိုတော့ ဒီအတွင်းလေးပဲ အစ်မတို့လုပ်ရတာ။ ချက်တာပြုတ်တာကျတော့ ခြံထဲမှာပဲဆိုတော့ အဖေ့ကိုကြည့်ရင်းနဲ့ အလုပ်လုပ်လို့ရတယ်"' လို့ လင်းဇာနည်ဇော်က ပြောပါတယ်။

play

 

ရွှေတောင်ခေါက်ဆွဲကို အော်ဒါ အမှာများလွန်းတာကြောင့် ဖျက်ခဲ့ရတဲ့ ပွဲတွေလည်း မနည်းတော့ဘူးလို့ လင်းဇာနည်ဇော်က ပြောပါတယ်။

'' တစ်လ တစ်လဆိုရင် အစ်မတို့ Cancel လုပ်တဲ့ ပွဲပေါင်းမနည်းဘူး။ အစ်မတို့က ကိုယ်တိုင်လိုက်ပြီး Service ပေးတာဖြစ်တဲ့အတွက် ညီအစ်မ နှစ်ယောက်ပဲရှိတာ။ ချက်တာပြုတ်တာဆိုရင်လည်း အိမ်မှာ အချက်အပြုတ်တော်တဲ့ကလေးတွေရှိပေမယ့် မလွှတ်ထားဘူး မချစ်က ကိုယ်တိုင် ချက်တာ၊ ပွဲပြင်ဆိုရင်လည်း အစ်မကိုယ်တိုင်ပြင်ပေးရမှ ကျေနပ်တာ ဆိုတော့ ဘာမဆို ကိုယ်တွေချည်းပဲ လုပ်နေရတာဆိုတော့ သူများတွေလို ပွဲအများကြီးလည်း မလုပ်နိုင်ပါဘူး'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်လင်းဇာနည်ဇော်နဲ့ အစ်မဖြစ်သူ သရုပ်ဆောင် ချစ်ချစ်ဇော်တို့ကတော့ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုဖြစ်တဲ့ ရွှေတောင်ခေါက်ဆွဲ ပြုလုပ်တဲ့ အလုပ်ကို အော်ဒါတွေ လက်ခံနေပြီလို့ သိရပါတယ်။ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ အတူ အနုပညာအလုပ်တွေလည်း ဆက်လက် လုပ်ကိုင် နေတုန်းပဲလို့ လင်းဇာနည်ဇော်က ပြောပါတယ်။

photo: လင်းဇာနည်ဇော်ဖေ့ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD