AD
AD
AD

ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့ ၂၀၁၇ ခုနှစ်အကယ်ဒမီစာရင်းဝင်ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုယ်တိုင်တော့ ရင်မခုန်ပေမယ့် သူရင်ခုန်ပေးတဲ့ အနုပညာရှင်ကိုတော့ Duwun Media  ကနေ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

play

 

'' ဒီနှစ်မှာ ကျွန်တော့်ဇာတ်ကားတွေ ပါဝင်သွားတယ်ဆိုတာကလည်း ဟာသဇာတ်ကားတွေချည်းပါပဲ။ ကျွန်တော့်ထက်ကောင်းတဲ့ ဇာတ်ကားတွေလည်းအများကြီးရှိတာပဲ ကျွန်တော်က အကယ်ဒမီအတွက်ရိုက်ခဲ့တာတော့ မဟုတ်ဘူး မလိုချင်ဘူးလားဆိုတော့လည်း အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် အကုန်လိုချင်တာချည်းပဲ ဒါပေမယ့် ကျွန်တော့်အနေနဲ့ကတော့ စောပါသေးတယ်။ ကျွန်တော် ဖြတ်သန်းလာတဲ့ အနုပညာသက်တမ်းကလည်း နည်းပါသေးတယ်။ သိပ်မျှော်လင့်ချက်ကြီးတော့ မရှိပါဘူး'' လို့ ဆိုပါတယ်။

play

 

ရိုက်ကူးပြီးစီးခဲ့ပြီး ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားတွေထဲက အကယ်ဒမီရစေချင်တဲ့ သရုပ်ဆောင်တစ်ယောက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ကျွန်တော်နဲ့ လက်တွဲအများဆုံးဆိုရင်တော့ ကိုခင်လှိုင်ပေါ့။ ကိုခင်လှိုင့်ကို ဟာသသရုပ်ဆောင်အနေနဲ့ ရစေချင်တယ် ဒါကတော့ ကိုယ့်အစ်ကို လို မိသားစုလိုဖြစ်နေတာလေ။ အကုန်လုံးပေါ့နော်သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာလည်း ကောင်းတယ်ဆိုတော့။ သူလည်း အနုပညာ လောကထဲမှာ ဖြတ်သန်းလာတာကြာပြီ တကယ်လည်းတော်တယ် ရသင့်နေပြီလို့လည်း ထင်ပါတယ်။ ကျန်တဲ့သူတွေကို လည်း ချစ်ပါတယ် ရလည်းရစေချင်ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့ ဟာသရုပ်ရှင်ဇာတ်ကားတိုင်းကတော့ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာတွေချည်းပါပဲ။ ဖေ့စ်ဘုတ် ဘုရင်မ ရုပ်ရှင်ဇာတ်ကားကြီးက စလို့ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အစမှာ ကြီးလေးကြီး ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခဲ့ပြီး မကြာခင်မှာလည်း ကမ္ဘာကျော်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း လူကြီး လူကောင်းများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်နေတယ်လို့ သိရပါတယ်။

Photo: ပြည်ဟိန်းသီဟ ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD