AD
AD
AD

အဲလစ်အုန်းကတော့ Canal +ရုပ်သံလိုင်းရဲ့ ပူတူတူး ရုပ်သံလိုင်းနဲ့ ချာတိတ်ရုပ်သံလိုင်းတို့ကို Brand Ambassador အဖြစ် တာဝန်ယူထားရသူပဲ ဖြစ်ပါတယ်။ သူ တာဝန်ယူထားရတဲ့ အပိုင်းလေးတွေအတွက် ကြိုးစားထားတဲ့ အပိုင်းတွေကိုလည်း Duwun Media ကနေ မိတ်ဆက် ပေးခဲ့ပါတယ်။

play

 

'' အခုလောလောဆယ်တော့ Canal + ရုပ်သံလိုင်း ၂ လိုင်းမှာ Brand Ambassador အဖြစ်တာဝန်ယူထားပါတယ်။ အဲ့ဒီမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်နေပါတယ်။ Program မှာ ကျတော့ အများကြီးပြင်ဆင်မှု များတယ်။ အဲလစ် တာဝန်ယူထားရတာကတော့ ပူတူတူး ရုပ်သံလိုင်းရယ်၊ ချာတိတ်ရုပ်သံလိုင်းရယ်ပေါ့ '' လို့ သူကဆိုပါတယ်။

play

 

ကလေးလေးတွေအတွက် တင်ဆက်ပေးရမယ့် ရုပ်သံလိုင်းဖြစ်တဲ့အတွက် အနေအထိုင်တွေလည်း ဆင်ခြင်ရတယ်လို့ ဆိုပါတယ်။

'' ကလေးတွေနဲ့ ဆိုင်တဲ့ ရုပ်သံလိုင်းတွေ ဖြစ်တဲ့အတွက် Daily Life မှာပဲ အနေအထိုင်တွေ အများကြီးဆင်ခြင်ရတယ်။ ဒါကျတော့ ကိုယ်က Brand image ဖြစ်သွားတော့ ကလေးလေးတွေ ပုံစံယူမမှားစေချင်ဘူးလေ၊ တခြားအရာတွေကျတော့ ကိုယ့်အတွက်ဘာမှ မဟုတ်ပေမယ့် ကလေးလေးတွေအမြင်မှာလည်း အဆင်မပြေတာမျိုးလေးတွေဖြစ်မှာဆိုတော့ အများကြီးလည်း ကြိုးစားထားပါတယ်'' လို့ အဲလစ်အုန်းက ဆိုပါတယ်။

play

 

တာဝန်ယူထားရတဲ့ ရုပ်သံလိုင်းတွေအတွက် ကိုယ်တိုင်လည်းလေ့လာမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

'' ကလေးတွေကို ဝေငှဖို့အတွက် ကိုယ့်ကိုယ်ကို ဗဟုသုတတွေလည်း အများကြီးလေ့လာရတယ်၊ ဂိမ်းတွေလည်း အများကြီးစီစဉ်ရတယ်။ အရမ်းတော့ ပျော်စရာကောင်းတယ်၊ အရမ်းလည်း ပင်ပန်းတယ် ဒါပေမယ့် ကလေးလို အများကြီးစီစဉ်ပေးရမှာဆိုတော့ သူတို့လောက်လည်း အားမရှိဘူး။ ဒါပေမယ့် ပျော်တယ်'' လို့ဆိုပါတယ်။

play

 

အဲလစ်အုန်းကတော့ Dimension ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဆရာဝန်မလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူ့ကိုတော့ မော်ဒယ်လ် တစ်ယောက်အနေနဲ့ကတည်းက ပရိသတ်အားပေးမှုရရှိခဲ့တာဖြစ်ပြီး တီဗီကြောငြာတွေမှာလည်း ပါဝင်သရုပ်ဆောင် နေရတယ်လို့ သိရပါတယ်။

Photo: အဲလစ်အုန်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD