AD
AD
AD

Myanmar idol Season 2 ကနေ ပရိသတ်တွေ သတိထားမိခဲ့တဲ့ မိုင်းမိုင်ဆိုင်းက ယောက်ျားလေးဆန်ဆန်နေတတ်သူတစ်ယောက်ဖြစ်ပြီး ရော့ခ်ဂီတအမျိုးအစားတွေကို ကြိုက်နှစ်သက်တဲ့ သူ့ရဲ့ ဆန္ဒကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' မိုင်းမိုင်တို့နိုင်ငံမှာ မိန်းကလေးရော့ခ်ကာဆိုတာ ရှိတော့ရှိတယ် နည်းနည်းတော့ရှားတာပေါ့နော်။ အဲ့ဒါကြောင့်လည်း မိုင်းမိုင်ကိုယ်တိုင်က ဒီလိုင်းကိုရွေးချယ်ဖြစ်ထားတာ ပြီးရင် ကိုယ်ကိုယ်တိုင်ကလည်းဒီလိုင်းကိုကြိုက်တယ်။ မိန်းကလေး ရော့ခ်ကာတစ်ယောက်အနေနဲ့ ရပ်တည်သွားမှာပါ'' လို့ဆိုပါတယ်။

play

 

ကိုယ့်ရဲ့အသံနဲ့လိုက်ဖက်တဲ့ သီချင်းတွေကိုပဲ သီဆိုသွားမယ်လို့ သူကပြောပါတယ်။

'' အသံကာလာတွေအနေနဲ့ သူများတွေဆိုရင် လိုသလိုထည့်လို့ရတယ်။ မိုင်းမိုင်အသံကကျတော့ အတင်းကြီးလုပ်ယူနေသလိုဖြစ်နေမှာစိုးတယ်။ ကိုယ်ကိုယ်တိုင်ကလည်း မျိုးစုံထည့်လိုက်ရင် လိုင်းကြောင်သွားမှာလည်း စိုးတယ်။ ကိုယ့်ရဲ့ အသံကာလာနဲ့ ကိုယ်နဲ့လိုက်ဖက်တဲ့ သီချင်းပုံစံကိုပဲရွေးချယ်သွားမယ်'' လို့ သူကဆိုပါတယ်။

play

 

မိုင်းမိုင်ဆိုင်း ကိုတော့ Myanmar idol Season 2 သီချင်းဆိုပြိုင်ပွဲကတည်းက အသံအားကောင်းကောင်းနဲ့ ရော့ခ်ဆန်ဆန်နေတတ်တဲ့ သူမ ကို ပရိသတ်တွေက သတိထားမိခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံးမှာလည်း အားပေးခဲ့ကြတာရှိသလို ဝေဖန်မှုတွေလည်း ရရှိခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။

Photo: မိုင်းမိုင်ဆိုင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD