AD
AD
AD

ပြည်ထောင်စုသစ္စာရုပ်ရှင်ဇာတ်ကားကြီးအထူးပြသပွဲကို မတ်လ ၁၇ ရက်နေ့မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုမတ်လ ၂၃ ရက်နေ့မှာရုံတင်ပြသသွားမှာဖြစ်ပြီး ပါဝင်ထားကြတဲ့ အနုပညာရှင်တွေရဲ့ အမှတ်တရ စကားသံ တွေကို အခုလိုပြောပြခဲ့ပါတယ်။

play

 

စစ်သားတွေရဲ့ဘဝပုံစံအမျိုးမျိုးကိုအခြေခံထားတဲ့ ပြည်ထောင်စုသစ္စာရုပ်ရှင်ဇာတ်ကားကြီးဖန်တီးသူ ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ကလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ကျွန်တော်တို့ ဒီဇာတ်ကားကို မနှစ်တုန်းကတော့ လွှင့်ခဲ့ပြီးသားပါ။ ဘာကြောင့်ရုပ်ရှင်အနေနဲ့ ပြန်ပြသလဲဆိုတော့ ဒီဇာတ်ကားလေး ကို မနှစ်ကတော့ ထိုက်သင့်သလောက် ပရိသတ်ကြည့်ရှုနှုန်းများခဲ့တယ်၊ အဲ့ဒီအတွက် ရုံပေါ်မှာဆိုရင်လည်း အရုပ်အသံစနစ် တစ်မျိုး လေးကြည့်ခွင့်ရမယ်၊ လုပ်ထားတဲ့ စက်တင်တွေအရလည်း ရုပ်ရှင်တစ်ကားဖြစ်ဖို့ ထိုက်တန်တယ်'' လို့ ဆိုပါတယ်။

play

 

ဒီဇာတ်ကားထဲမှာ ဗိုလ်ကြီးတစ်ယောက်ရဲ့ကာရိုက်တာအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ နေမင်းရဲ့စကားသံကိုလည်း အခုလိုပြောပြခဲ့ ပါသေးတယ်။

'' ဇာတ်ကားထဲမှာ ကိုမိုးစက်ကို ကျွန်တော်ထိုးလိုက်တဲ့အခန်းဆိုရင် တကယ်ထိသွားတာပေါ့နော်။ ဇာတ်ကောင်အရ လုပ်မိသွားတာ ဆိုပေမယ့် တစ်ဖက်ကိုအနာတရဖြစ်သွားစေတာကတော့ မကောင်းဘူးပေါ့နော်'' လို့ဆိုပါတယ်။

play

 

ပြည်ထောင်စုသစ္စာရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ထဲက စကားသံကိုလည်း သရုပ်ဆောင်ထူးခန့်ကျော်က ပြောပြခဲ့ပါတယ်။

'' ပြည်ထောင်စုသစ္စာဇာတ်ကားထဲမှာ ဒုတပ်ကြပ်လှဌေးပေါ့။ ဒါကတော့ တပ်မတော်နေ့ဂုဏ်ပြုတဲ့ဇာတ်ကားကြီးကနေ ရုပ်ရှင် ဇာတ်ကားကြီးဖြစ်သွားတဲ့အခါကျတော့ဝမ်းသာတယ်။ ကျွန်တော်တို့ အနေအထားနဲ့ကျတော့ ရုံကြီးကားနဲ့က အလှမ်းဝေးတော့ ၁၀၀ မှာ ၉၉.၉၉ ရာခိုင်နှုန်းလောက်ဝေးတယ်။'' လို့ ဆိုပါတယ်။

play

 

ပြည်ထောင်စုသစ္စာရုပ်ရှင်ဇာတ်ကားကြီး ကို မတ်လ ၂၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာရှိတဲ့အဆင့်မြှင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီဝေဠုကျော်၊ နေမင်း၊ ကောင်းခန့်၊ ထူးခန့်ကျော်၊ မိုးစက်၊ အကယ်ဒမီစိုးမြတ်သူဇာ ၊မေသဉ္ဇာဦး၊ မေသက်ခိုင်၊ မေကဗျာဦး တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD