AD
AD
AD

ဓာတ်ပုံလှလှလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုခံယူထားတဲ့ ယမင်းမေဦးက အခုဆိုရင် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေပါပြီ။ အခုလည်း 3 Sisters ဆိုတဲ့ ဗီဒီယိုဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်နေတဲ့ ကာရိုက်တာအကြောင်း Duwun ပရိသတ်ကိုမိတ်ဆက်ပေးခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားထဲက ကာရိုက်တာကျတော့ ညီအစ်မ သုံးယောက်ထဲမှာ ညီမက အကြီးဆုံးပေါ့။ စာမကြိုးစားဘူး ဆယ်တန်းတွေ တဘုံးဘုံးကျတယ်။ အလှတွေကြိုက်ပြီး အရမ်းအလေလိုက်ချင်နေတဲ့ ပုံစံပေါ့။ ကာရိုက်တာလေးက အသွက်လေးပေါ့ ညီမနဲ့ လိုက်တဲ့ကာရိုက်တာလို့လည်း ခံစားရပါတယ်'' လို့ဆိုပါတယ်။

play

 

ဗီဒီယိုဇာတ်ကားတွေရိုက်ကူးနေရင်း အနုပညာအတွေ့အကြုံတွေသင်ယူနေတယ်လို့ဆိုပါတယ်။

'' ဒီဇာတ်ကားကိုလည်း ဆောင်းညပြာသိုလ်ထုတ်လုပ်ရေးက ဆရာမမူပိုင်နှင်းဆီနဲ့ ရိုက်ကူးနေတာပါ။ သူတို့နဲ့လည်း အရှေ့မှာ ဇာတ်ကား တွေရိုက်လာတာဆိုတော့ ဒီဇာတ်ကားလည်း လက်ခံရိုက်ကူးဖြစ်တာပါ။ အခက်အခဲတွေကတော့ အလုပ်တိုင်းမှာရှိတာပေါ့ နော် ညီမကတော့ လက်ရှိမှာ ဗီဒီယိုဇာတ်ကားလေးတွေရိုက်ကူးရင်းအတွေ့အကြုံတွေသင်ဖြစ်နေပါတယ်'' လို့ သူကဆိုပါတယ်။

play

 

3 Sisters ဗီဒီယိုဇာတ်ကားထဲမှာ ဇေရဲထက်၊ အောင်လေး၊ ယမင်းမေဦး နဲ့ သိမ်မွေ့သံစဉ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ယမင်းမေဦးဟာ "သရဲဆိုတာဂျိုနဲ့လား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမဆုံး ပါဝင်ခဲ့တာဖြစ်ပြီး ယခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေ ဆက်တိုက် ဆိုသလို ရိုက်ကူးလာရပြီလည်း ဖြစ်ပါတယ်။

Photo: ယမင်းမေဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD