AD
AD
AD

မကြာခင်ရုံတင်ပြသတော့မယ့် ပြည်ထောင်စုသစ္စာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ စစ်သည်တို့ရဲ့ဘဝ ဘယ်လိုနေထိုင်ရတယ်ဆိုတာကို ပရိသတ်တွေ သိစေချင်တယ်လို့ ဇာတ်ကားရဲ့ ဖန်တီးသူ ဒါရိုက်တာတင်အောင်စိုး(ပန်းမြို့တော်) က မီဒီယာတွေကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ရုပ်ရှင်အဖြစ်ပြောင်းလဲလာရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့စစ်သားဘဝကို ဒီ့ထက်ပိုပြီးတော့လူတွေသိစေချင်တယ်။ တပ်အတွင်းထဲမှာရှိနေတဲ့ စစ်သည်တွေနဲ့ အရာရှိတွေရဲ့ ဆက်ဆံရေးတွေ၊ သာမန်နဲ့မတူတဲ့ဆက်ဆံရေးလေးတွေရှိကြတယ်ဗျ။ သေနတ်တွေကိုင်ပြီး စစ်တိုက်နေရပေမယ့် သူမသေ၊ ကိုယ်သေသွားရမယ့် အချိန်မျိုးမှာ သံယောဇဉ်နဲ့တည်ဆောက်ရတယ်၊ အဲ့ဒါကလည်း အရမ်းလေးနက်တယ်'' လို့ ဆိုပါတယ်။

play

 

ထုတ်လွှင့်ခဲ့ပြီးသားဇာတ်လမ်းတွဖြစ်ပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် အသက်ပြန်သွင်းခဲ့တဲ့အကြောင်းကိုလည်း အခုလိုပြောပြခဲ့ ပါတယ်။

'' ဒီဇာတ်ကားကိုတော့ မနှစ်ကတော့ ရုပ်သံမှာလွှင့်ခဲ့ပြီးသားပါ။ ထိုက်သင့်သလောက်လည်း ရုပ်သံမှာ လူကြည့်များခဲ့တယ်။ ကြည့်ရှု နှုန်းအရလည်း မြှင့်ခဲ့တယ်ဆိုတော့ ကျွန်တော်တို့ အထက်လူကြီးတွေက ရုံမှာဆိုရင် စနစ်သစ်တစ်မျိုးလေးနဲ့ လူတွေကြည့် လို့ရမယ်။ ကိုယ်လုပ်ထားတဲ့ ဆက်တင်အရဆိုရင် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ဖို့ ထိုက်တန်တယ်ဆိုတော့ ပြန်ပြောင်းဖို့အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ အကူအညီတောင်းပြီးတော့ ရုံတင်ပြသဖို့အတွက်လုပ်ခဲ့ရတာပါ'' လို့ သူက ဆိုပါတယ်။

play

 

ပြည်ထောင်စုသစ္စာရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ၂၀၁၇ ခုနှစ်တုန်းက မြဝတီရုပ်သံလိုင်းမှာ ဇာတ်လမ်းတွဲအဖြစ် ထုတ်လွှင့်ပြသခဲ့ပြီး ဖြစ်ပါတယ်။ သေနတ်ကိုင်ပြီးစစ်တိုက်နေရတဲ့ စစ်သည်တို့ရဲ့ ဘဝတွေကို ဖော်ကျူးထားတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီဝေဠုကျော်၊ နေမင်း၊ ကောင်းခန့်၊ ထူးခန့်ကျော်၊ မိုးစက်၊ အကယ်ဒမီ စိုးမြတ်သူဇာ ၊မေသဉ္ဇာဦး၊ မေသက်ခိုင်၊ မေကဗျာဦး တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: တင်အောင်စိုးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD