AD
AD
AD

နာမည်ကျော်အနုပညာရှင်များစွာပါဝင်ထားတဲ့ အသည်းကွဲပါတီရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၁၈ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံမိတ်ဆက်ခဲ့တာဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှာက ပရိသတ်တွေအတွက် ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးရဲ့ ဇာတ်လမ်းအကျဉ်းကို Duwun Media ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးလိုက်ပါတယ်။

play

 

'' နာမည်နဲ့မလိုက်အောင် ကံဆိုးလွန်းတဲ့ ကံကြီးမောင်တစ်ယောက်ကတော့ အလုပ်လက်မဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ပန်ကာထက်ပင်ချာချာလည်တတ်တဲ့ နိုနိုဝမ်းဆိုတဲ့ကောင်မလေးကတော့ လိမ်တတ်ညာတတ်တဲ့ နေရာမှာ ပြိုင်စံရှားအောင်ပါပဲ။ အဲ့ဒီမှာ သူဌေးလေးတစ်ယောက်ဖြစ်တဲ့ ဂျူနီယာဘတိုးကတော့ အိမ်က မိန်းမကိုကြောက်ရပေမယ့်လည်း အပြင်မှာတော့ တိတ်တိတ်လေးပျော်ပါးနေရတာပေါ့။

play

 

တစ်နေ့ ဘတိုးရဲ့ ကုမ္မဏီမှာ အားထားရတဲ့ မန်နေဂျာကြီးတစ်ယောက် ကားအက်ဆီးဒင့်ဖြစ်၍ အလုပ်သမားအသစ်တစ်ယောက် အရေးပေါ်အစားထိုးဖို့ လိုအပ်နေချိန်မှာ ပန်ကာမလေး နိုနိုဝမ်းရောက်လာပြီး ဘတိုးကို စပွန်ဆာတစ်ယောက်အဖြစ် သိမ်းသွင်း စည်းရုံးလိုက်တာပေါ့။

play

 

မိန်းမရဲ့ချုပ်ချယ်မှုတွေကြောင့် လွတ်လွတ်လပ်လပ်ပျော်ပါးချင်နေတဲ့ ဘတိုးတစ်ယောက် နိုနိုဝမ်း နဲ့စတွေ့တဲ့အချိန်မှာ သူငယ်ချင်း တွေရဲ့ သွေးထိုးမြှောက်ပေးမှုကြောင့် စမောအဖြစ်ထားလိုက်ပါတော့တယ်။ ဒီကိစ္စကို ဘတိုးရဲ့ မိန်းမ စင်သီယာခင်မာလာကြူ သိသွားပြီးငယ်သူငယ်ချင်းဖြစ်သူ ဖိုးသင်းမြတ်ကို အကူအညီတောင်းပြီး ဘတိုးအကြောင်း စုံစမ်းခိုင်းတော့တာပေါ့...'' စုံစမ်းပြီးတဲ့ နောက်မှာ သူတို့ ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေ မတ်လ ၂၃ ရက်နေ့မှာရုံတင်ပြသမယ့် အသည်းကွဲပါတီရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

play

 

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ဟာသဇာတ်မြူးရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ ပရိသတ်တွေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကိုပြေပျောက်စေ မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်ကူးထားပြီး တွဲဖက်ဒါရိုက်တာအဖြစ် မောင်သီလ နဲ့ သြရသတို့က ပါဝင်ထားပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ ခန့်စည်သူ၊ ထွန်းထွန်း၊ ဇေရဲထက်၊ မျိုးသန္တာထွန်း နဲ့ ရွှေမှုံရတီတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: အသည်းကွဲပါတီပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD