AD
AD
AD

ဖိုက်တင်ဇာတ်ကားတွေနဲ့ အောင်မြင်တဲ့ မင်းသားထူးခန့်ကျော်ကတော့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးဆိုတာ သူ့ရဲ့အနေအထားနဲ့ အလှမ်းဝေးလွန်းတာကြောင့် ပြည်ထောင်စုသစ္စာ ဇာတ်ကားကြီး ရုံတင်ခွင့်ရတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဒါကတော့ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်ကားကနေပြီးတော့မှ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သွားတာဆိုတော့ ဝမ်းသာတယ်။ ကျွန်တော်တို့အနေနဲ့ ရုံကြီးကားနဲ့ ပတ်သက်ရင် အလှမ်းဝေးတယ်။ ၁၀၀ မှာ ၉၉.၉၉ ရာခိုင်နှုန်းလောက်ကဝေးတယ်။ အဲ့ဒီလိုဝေးနေတဲ့ အတိုင်း အတာတစ်ခုမှာ ဒီလိုရုပ်ရှင်ဇာတ်ကားကြီးဖြစ်သွားအောင်လို့ လုပ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်တယ်။ ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ခွင့်ရတယ်ပေါ့ဗျာ'' လို့ ဆိုပါတယ်။

play

 

ပြည်ထောင်စုသစ္စာရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာအကြောင်းကိုလည်း အခုလိုမိတ်ဆက်ပေးခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က ဒု-တပ်ကြပ် လှဌေးပေါ့။ မောင်သန်းဆွေက အပင်ပေါ်တက်ပြီး ဖုန်းပြောတဲ့ ဇာတ်ဝင်ခန်း၊ ပြီးတော့ ဗိုလ်ကြီးက စာနာထောက်ထားတဲ့စိတ်နဲ့ ကျွန်တော်နဲ့ စောမိုးစက်တို့ကို ဘယ်သူဘယ်ဝါရယ်လို့ အမည်မတပ်ပဲ လက်ဆောင် လာပို့တဲ့အခန်းတွေမှာ ဆိုရင် တစ်ခါမှမကြုံဖူးတဲ့ ခံစားချက်မျိုးတွေဖြစ်လာတယ်'' လို့ သူကဆိုပါတယ်။

play

 

ပြည်ထောင်စုသစ္စာရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီဝေဠုကျော်၊ နေမင်း၊ ကောင်းခန့်၊ ထူးခန့်ကျော်၊ မိုးစက်၊ အကယ်ဒမီစိုးမြတ်သူဇာ ၊မေသဉ္ဇာဦး၊ မေသက်ခိုင်၊ မေကဗျာဦး တို့က အဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။

Photo: အေးဇော်မိုး၊ ထူးခန့်ကျော် ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD