AD
AD
AD

ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရိုက်ကူးတဲ့ ကမောက်ကသမီးယောက်မ ရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်မှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ရိုက်ကွင်းပေါ်က အမှတ်တရ ပုံရိပ်တွေကို အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ တဆင့် ပရိသတ်ကိုချပြခဲ့ပါတယ်။

play

 

'' ဆက်လက်ရိုက်ကူးနေသော."ကမောက်ကမသမီးယောက်မ".ကားကြီး. .(at. .ပြင်ဦးလွင်)'' ဆိုပြီးတော့ အမှတ်တရဓာတ်ပုံလေး တွေတင်ခဲ့တာပါ။

play

 

ကမောက်ကမ သမီးယောက်မရုပ်ရှင်ဇာတ်ကားကြီးကို DV5 Myanmar ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်တာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို မတ်လ ၁၈ ရက်နေ့က စတင်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ပြေတီဦး၊ မနော ၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ၊မွန်လေး နဲ့ ဖြူဖြူထွေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: တက္ကသိုလ်ဂွမ်းပုံလေး ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD