AD
AD
AD

မကြာသေးခင်ကမှ မင်္ဂလာဆောင်ခဲ့ကြတဲ့ ကိုသီဟလွင်နဲ့ အဆိုတော်စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံဟာ ဒီနေ့မှာ ကုသိုလ်တစ်ခု အတူတူ ပြုခဲ့ကြပါတယ်။ဒီနေ့(မတ်လ၂၁ရက်)မှာ မစိုးရိမ်ဆရာတော်နဲ့ သစ်တံခါးဆရာတော်ဆီသို့ သွားရောက်ဖူးမျှော်ရင်း အလှူငွေတွေ လည်း လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ သူမတို့ရဲ့ အလှူကို ပရိသတ်တွေသာဓုခေါ်နိုင်အောင်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာရေးပြိး အမျှပေးဝေထားပါသေးတယ်။

play

 

''မစိုးရိမ် ဆရာတော်ရယ် သစ်တံခါးဆရာတော်ရယ်မနေ့ ကသွားဖူးရင်းနဲ့ နိုင်သလောက်အလှူငွေ အားလုံးကိုယ်စားလှူခဲ့တယ် သာဓုခေါ်ကြပါနော်    '' လို့ သူမက ပြောပြထားပါတယ်။

play

 

စန္ဒီမြင့်လွင်ဟာ မင်္ဂလာပွဲပြီးနောက်ပိုင်းမှာလည်း ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သလို သွားနေရတာကိုလည်း တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ ကုသိုလ်ကောင်းမှူလေးပြုနေတဲ့ ပုံကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

play

 

စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်လ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD