AD
AD
AD

သရုပ်ဆောင်ဘုဏ်းသိုက်တစ်ယောက် စားကျက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်သလို ကိုယ်တိုင်လည်း ဒါရိုက်တာတစ်ယောက်အဖြစ် ရိုက်ကူးပုံဖော်သွားမှာဖြစ်တဲ့အတွက် ဇာတ်ကားရိုက်ဖို့ စိတ်အားထက်သန်နေတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

''  ဒီဇာတ်ကားကို မရိုက်ခင်ကတည်းက တစ်နှစ်လောက်ကြိုတင်ပြင်ဆင်ထားရတာဆို ကျွန်တော့်ဇာတ်ကောင်ဖြစ်တဲ့ ပုရစ်ဆိုတဲ့ ဇာတ်ကောင်လည်း ကျွန်တော်နဲ့ ရင်းနှီးနေပြီ။ Pre မှာ သေသေချာချာ ပြင်ဆင်ထားတဲ့ အတွက် ဇာတ်လမ်းရဲ့ ပေးချင်တဲ့ မက်ဆေ့ခ်ျ က ကွဲကွဲပြားပြားကြိုသိနေတဲ့အတွက်ကြောင့် ဇာတ်ကားရိုက်ဖို့ကိုပဲ စိတ်အားထက်သန်နေတယ်'' လို့ ဆိုပါတယ်။

play

 

ကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့ရတဲ့ ဇာတ်ကားဖြစ်လို့ အားရကျေနပ်တယ်လို့ ဆိုပါတယ်။

'' ဇာတ်ကားရိုက်ပြီးတဲ့အချိန်မှာလည်း ပရိသတ်တွေ ဘယ်လိုသုံးသပ်မယ်ဆိုတာကို ခေါင်းထဲမထည့်သေးဘူး၊ ရုပ်ရှင်ကို ၂ နာရီလောက်ကြည့်တဲ့အခါမှာ ကြည့်ရကျိုးနပ်တဲ့ရုပ်ရှင်တစ်ကားဖြစ်ဖို့အတွက် ကို တစ်နှစ်လောက်ကတည်းက ကြိုပြီးတော့ ပြင်ဆင်ထားတယ် အဲ့ဒီအတွက် အားရတယ်'' လို့ သူကဆိုပါတယ်။

play

 

ဘုဏ်းသိုက်ဟာ အနုပညာနဲ့ပတ်သက်လာရင် သရုပ်ဆောင်အပိုင်းသာမက ဒါရိုက်တာအပိုင်းမှာပါ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတိုပြိုင်ပွဲတွေမှာလည်း အကောင်းဆုံးဆုတွေ ဆွတ်ခူးနိုင်ခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာ လည်း သီချင်း MTV တွေရိုက်ကူးနေသလို စားကျက်ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မတ်လ ၂၅ ရက်နေ့မှာစပြီး ရိုက်ကူး သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နိုင်းနိုင်း၊ မင်းဦး၊ ဘုဏ်းသိုက်၊ သက်မွန်မြင့်၊ ချောကလျာတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Photo: ဘုဏ်းသိုက်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD