AD
AD
AD

ပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြအားပေးမှုတွေကြောင့် ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးကို ဒုတိယပတ်အဖြစ်ဆက်လက်ပြသသွား ဦးမယ်လို့ သိရပါတယ်။

play

 

''မကြည့်ရသေးတဲ့ ချစ်ပရိသတ်တွေအတွက်ထပ်ကြည့်ချင်သေးတဲ့ ချစ်ပရိသတ်တွေအတွက် ဒုတိယပတ် ရုံတင်ပြသမှုအနေဖြင့်

၂၃ . ၃ . ၂၀၁၈ မှစ၍ အောက်ပါရုံများမှာ" ရွှေကြာ "ဆက်လက်ပြသသွားမှာဖြစ်ပါတယ်'' လို့ ရွှေကြာရဲ့ faceook Page ကနေ ကြေငြာလိုက်ပါတယ်။

play

 

ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၁၆ ရက်နေ့ကတည်းက ရန်ကုန်မြို့မှာရှိတဲ့ အဆင်မြှင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး

ဇာတ်ကားစတင်ရုံတင်တဲ့နေ့မှာပဲ ရုံပြည့်ရုံလျှံ အားပေးမှုတွေနဲ့ အရမ်းကို အောင်မြင်ခဲ့ပါတယ်။

play

 

အခုလည်း ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြှင့်ရုပ်ရှင်ရုံတွေမှာ ဒုတိယပတ်အဖြစ်ဆက်တိုက်ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ သမ္မတရုပ်ရှင်ရုံ၊ သွင်ရုပ်ရှင်ရုံ ၊ မင်္ဂလာ ၂ (ဒဂုံစင်တာ-မြေနီကုန်း)၊ မင်္ဂလာစံပြ ရုပ်ရှင်ရုံ၊ မင်္ဂလာဂမုန်းပွင့် ရုပ်ရှင်ရုံ ၊ Top Royal (ပါရမီ) ၊ မင်္ဂလာဝဇီရာ (လှိုင်သာယာ)၊ Red Radiance မြဟံသာ(သန်လျင်) တို့မှာ ဆက်လက်ရုံတင်သွားမှာဖြစ်ပြီး မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး မြို့တွေမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာလည်း ပြသသွားမယ်လို့ သိရပါတယ်။

Photo: ရွှေကြာပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD