AD
AD
AD

ဒါရိုက်တာကိုပေါက် တစ်ယောက် မတ်လ၂၃ ရက်နေ့မှာကျင်းပပြုလုပ်မယ့် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ တက်ဖို့ ဖိတ်စာနဲ့တကွ အကယ်ဒမီပွဲနီးလာပြီဆို ဂယက်တွေထတတ်တဲ့ အကြောင်းလေး သူ့အမြင်ကို ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ အခုလိုရေးသားခဲ့ပါ တယ်။

play

 

'' အကယ်ဒမီ နီးတာနဲ့ ဂယက်ကတော့ ထစမြဲပါပဲ။လက်မှတ်မရတဲ့လူနာမည်မပါတဲ့ လူဇာတ်ပို့ဇာတ်ရံဖြစ်လို့လားတို့ နာမည် မ ကြီး လို့လားတို့အများကြီးပါပဲ။ဒီနှစ်လည်း အရင်နှစ်တွေလို ရိုးရာမပျက်ဖြစ်ကြပြန်တယ်ပေါ့။ ဒါကတော့ ရိုးအီပြီး ကြားဖူးပြီးသား ဇာတ်ညွှန်းတွေပေါ့။ကျွန်တော်လဲ ကြုံရတယ်။ဒါပေမယ့်လက်ညောင်းလို့မရေးတော့ပါဘူး'' လို့ သူကဆိုပါတယ်။

play

 

ပြဿနာတွေဖြေရှင်းရတဲ့ အစည်းအရုံးက တာဝန်ရှိသူတွေလည်း အလုပ်ရှုပ်နေမှာပဲ ဆိုတဲ့ ယူဆချက်လေးနဲ့ အခုလိုရေးသား ခဲ့ပါ သေးတယ်။

''အစည်းအရုံးကသူတို့တွေလည်း အလုပ်ရှုပ်ကြမှာပေါ့။ဖြေရှင်းရတဲ့ ပြသနာတွေလည်းများပါတယ်လေ။ ကိုယ်ကပြသနာရှာနေရင် သူတို့လည်းမျက်နှာပူပြီးပြောရဆိုရခက်နေပါမယ်လေဆိုပြီးပြောချင်တာတွေ မပြောတော့ပဲရွာသားလေးကိုပေါက်ပြန်လာခဲ့တယ်။ အပြန်အလှန်နားလည်မှုတွေနဲ့ပေါ့'' လို့ဆိုပါတယ်။

play

 

ဒါရိုက်တာကိုပေါက်ကတော့ ၂၀၁၇ ခုနှစ်ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတက်ရောက်မှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာလည်း ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ပထမဆုံးရိုက်ကူးထုတ်လုပ်လိုက်တဲ့ ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးကလည်း အကယ်ဒမီ စာရင်းဝင် ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပါသေးတယ်။

play

 

ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ  မောင်မင်းမြတ်၊ သက်ထားရွှေစင်၊ ဆုလတ်ရတနာ၊ ဒိန်းပိုပိုဒေါင်၊ဖြိုးဖြိုး၊ မှုံနံသာကျော်ရဲအောင်၊ စန္ဒြာရွှေရည်၊ ပန်းနုပျိုမေ၊ မြင့်မြတ်သော်တာ၊ မြအိန္ဒြာလွင် တို့က အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပြီး အကယ်ဒမီရဲအောင်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ညီထွဋ်ခေါင်၊ သုတ၊ ဂျက်(ခ)ဝမ်း၊ မိုးပြည့်ပြည့်မောင်၊ နန်းခင်ဇေယျာ၊ခင်ဝင့်ဝါ နှင့် ယွန်းရွှေရည်၊ တင်ဇာဝင်းပြည့်၊ ဘေဘီမောင်၊ ချမ်းမေမြတ်နိုး၊ဦးဇော်ဦး၊ ဟိန်းမင်း၊ညောင်ညောင်၊ကိုပေါက်၊ ကောင်းမြတ်တို့ကလည်း အားဖြည့် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: ကိုပေါက်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD