AD
AD
AD

သရုပ်ဆောင်ကျော်ကျော်ဗို တစ်ယောက် သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်ကနေ လက်ရှိ စိတ်ခံစားချက်နဲ့ အတွေးအမြင်တွေကို ချရေး လိုက်သလိုပါပဲ။ ကိုယ်မကြိုက်တာကို မကောင်းဘူးဆိုတဲ့ ဝါဒ မဖြန့်ဘူးဆိုတာကိုလည်း ရေးသားခဲ့ပါသေးတယ်။

play

 

''ကျွန်တော်လား ... ? မကြိုက်ဘူးဆိုရင်...လှည့်ကိုမကြည့်ဖြစ်တော့ဘူးစိတ်မဝင်စားဘူးဆိုရင် ... ရှိနေမှန်းကိုမသိတော့ တာ ဒါပေမယ့်စည်းကမ်းတော့ ရှိတယ်။ ကိုယ်မကြိုက်တိုင်းအဲဒါမကောင်းပါဘူးလို့လည်းဝါဒလိုက်မဖြန့်ဘူး။ ကိုယ်ကြိုက်တာကို လည်း သူများကြိုက်လာအောင်အတင်းမမြူဆွယ်ဘူး။ ကိုယ်မကြိုက်တာကိုလည်းသူများမကြိုက်တော့အောင်ချောက်မတွန်းဘူး'' လို့ ဆိုပါတယ်။

play

 

သူများကြိုက်တိုင်းလည်း လိုက်မကြိုက်သလို ကိုယ့်စိတ်ကိုယ်နိုင်တယ်လို့ ဆိုပါတယ်။

''သူများကြိုက်တိုင်းလည်းကိုယ်ကြိုက်ချင်မှကြိုက်မှာ Attention လိုချင်ရုံလောက်နဲ့ဘယ်တော့မှဟန်ရေးပြမှာမဟုတ်ဘူး။ ကိုယ့်ဘဝ ကိုယ်ပိုင်တယ်...ကိုယ့်စိတ်ကိုယ်နိင်တယ် အဲ့အတွက်တော့ကိုယ့်တစ်ဘဝလုံးစာလိပ်ပြာလုံတယ်။ နောက်ဆုံးသေငယ် ဇောနဲ့မြော နေချိန် ရောက်လို့ တောင်တွေးမြောက်တွေးရင်တောင်နောက်ကြောင်းရှင်းတယ်။ ဗိုလ်...ကျား...သေနတ် ကိုယ်ကြိုက်တာကိုယ်လုပ် ပေါ့   ဘဝကတိုတိုလေးပါ ... မနက်ဖြန်တိုင်းကကိုယ့်အတွက်လို့ဘယ်သူအာမခံနိင်ပါသလဲ ?'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ကျော်ကျော်ဗိုကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေသလို နှင်းဆီအဖွဲ့သားတွေနဲ့ ပရိဟိတအလုပ်တွေ ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နောက်ထပ် သူကိုယ်တိုင်လည်း ဝါသနာပါသလို အစီအစဉ်တစ်ခုအနေနဲ့ ပရိသတ်တွေကိုချပြရတဲ့ ခရီးသွားအစီအစဉ်တွေကိုလည်း ကိုယ်တိုင်ရိုက်ကူးနေတာဖြစ်ပါတယ်။ 

Photo: ကျော်ကျော်ဗိုဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD