AD
AD
AD

မွှေချက်ကတော့ လွန်လွန်းတယ် ရုပ်ရှင်ဇာတ်ကားကြီးအထူးပြသပွဲကို မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာပါဝင်မယ့် အနုပညာရှင်တို့ရဲ့ အမှတ်တရ စကားသံတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

play

 

ပရိသတ်တွေစောင့်မျှော်နေကြတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဖန်တီးသူ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) ရဲ့ စကားသံကလည်း

'' ဒီဇာတ်ကားကတော့ အချစ်ဟာသကားပါပဲ။ ရယ်စရာ ရသ ပေးတဲ့ ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ ဇာတ်ကားရဲ့ အမှတ်တရကလည်း ဒရုန်းကြီးလွှင့်သွားတဲ့အခန်းပေါ့နော်၊ တစ်ရွာလုံးလိုက်ရတာဆိုတော့ ရေထဲတွေရော ၊ တောင်ကုန်းတွေရော ပတ်ပြီးရိုက်ထားရတာဆိုတော့ အမှတ်တရတွေတော့ ရှိခဲ့တယ်။

play

 

ချစ်စရာကောင်းပြီး တစ်ရွာလုံးကို ပတ်မွှေတတ်တဲ့ အမွှေစိန် ရွှေတိုး ကာရိုက်တာအဖြစ် နေတိုးရဲ့ စကားသံကလည်း

'' ရွှေတိုးရဲ့ ကာရိုက်တာက ကလေးဆန်တယ်ဆိုပေမယ့် လည်တယ်။ မွှေတတ်တဲ့ ကာရိုက်တာဆိုတော့ ဒါရိုက်တာကလည်း သနပ်ခါးလိမ်းစေချင်တယ်၊ ချစ်စရာကောင်းအောင် အင်္ကျီဒီဇိုင်းတွေကအစ ကလေးဆန်တဲ့ဘက်ကို သွားထားရတာခင်ဗျ'' လို့ ဆိုပါတယ်။

play

 

ဇာတ်ကားထဲမှာ သူကြီးရဲ့ သမီး တစ်ရွာလုံးက ဝိုင်းချစ်ကြတဲ့ သက်မွန်မြင့်ရဲ့ အမှတ်တရ စကားသံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားရိုက်တာ ကြာပြီ။ သားလေးမွေးပြီးတော့ ဇာတ်ကားတွေပြန်ရိုက်လို့ရတဲ့အချိန်မှာ ရိုက်တာပါ။ သားသားတောင် ၃ နှစ်ပြည့်တော့မှာဆိုတော့ ၂ နှစ်ခွဲလောက်တော့ ကြာခဲ့ပြီ'' လို့ဆိုပါတယ်။

play

 

ငှက်ပျော်ကြော်နဲ့အတူ နတ်ကတော်ကာရိုက်တာအဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ ဦးအောင်ခိုင်ရဲ့ အမှတ်တရစကားသံက ..

''ဒါကတော့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပထမဦးဆုံး နတ်ကတော် ကာရိုက်တာ အဖြစ်သရုပ်ဆောင်ဖူးတာပါ။ ဦးအောင်ခိုင်တို့က သရုပ်ဆောင်တွေဖြစ်ကြတဲ့အတွက် လူကြမ်းလည်းဖြစ်ရင်ဖြစ်မယ်၊ နတ်ကတော်လည်းဖြစ်ရင်ဖြစ်မယ်၊ သူခိုးလည်းဖြစ်ရင်ဖြစ်မယ်၊ ခါးပိုက်နှိုက်လည်းဖြစ်ရင်ဖြစ်မယ် သရုပ်ဆောင်ဆိုတာ ပေးလာတဲ့ ဇာတ်ကောင်စရိုက်ကို အကောင်းဆုံးသရုပ်ဆောင်ရမှာပါ'' လို့ ဆိုပါတယ်။

play

 

မွှေချက်ကတော့ လွန်လွန်းတယ် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)က ရိုက်ကူးတင်ဆက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီနေတိုး၊ သက်မွန်မြင့်၊ ယွန်းရွှေရည် တို့က အဓိကပါဝင်သရုပ်ဆောင် ထားပါ တယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD