AD
AD
AD

သရုပ်ဆောင်အကယ်ဒမီအောင်ခိုင် ဟာ မွှေချက်ကတော့ လွန်လွန်းတယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ငှက်ပျောကြော် နဲ့အတူ မိန်းမပုံစံနတ်ကတော် ကာရိုက်တာကို လက်ခံရိုက်ကူးဖြစ်တဲ့ အကြောင်းကို မီဒီယာတွေကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဦးအောင်ခိုင်တို့ သရုပ်ဆောင်တွေမှာ တချို့ တချို့သော အရာတွေ လွယ်ပါတယ်ဆိုပေမယ့် ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက် ရဲ့အကြောင်း၊ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ရဲ့စိတ်ပေါ့။ ဦးအောင်ခိုင်ဆိုရင် ငယ်ငယ်တုန်းက ဆိုးသွမ်းတဲ့အထဲမှာပါတယ်။ ဒါပေမယ့် အခုချိန်မှာလည်း ယောကျာင်္းတစ်ယောက်ရဲ့ စိတ်ဆိုတာတော့ အမြဲတမ်းရှိနေပါသေးတယ်။'' လို့ ဆိုပါတယ်။

play

 

မိတ်ကပ်လိမ်းတဲ့ နတ်ကတော်ကာရိုက်တာကို ဆရာဖြစ်သူ ဦးကျော်ဟိန်းသာမြင်ရင် စောင့်ကန်ခံရနိုင်တယ်လို့ ဆိုပါသေးတယ်။

'' အသက်အရွယ်အရ ကိုယ့်ကိုယ်ကို ချိုးနှိမ်နေရတာတွေလည်းရှိပါတယ်။ ဒါပေမယ့် ကိုယ်က သရုပ်ဆောင်လုပ်ရတယ် နတ်ကတော် ဆိုတာက နှစ်ပိုင်းတစ်ပိုင်းဖြစ်နေတယ်လေ။ ဒီဇာတ်ကားထဲမှာလည်း တကယ့်နတ်ကတော်ကြီးတွေလို သရုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် တစ်သက်နဲ့တစ်ကိုယ်မလိမ်းဖူးတဲ့ မိတ်ကပ်တွေကိုလည်း အန်တီဝါက စိတ်တိုင်းကျလိမ်းပေးတယ်။ ဦးအောင်ခိုင်ရဲ့ ဆရာ ဦးကျော်ဟိန်း သာမြင်သွားရင် ဦးအောင်ခိုင်ကို ဆောင့်ကန်မှာဦးကျော်ဟိန်းက ဘယ်တုန်းကမှ ပေါင်ဒါရိုက်တာတောင် မကြိုက်တဲ့ဆရာပါ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်အောင်ခိုင်ကတော့ မိန်းမပုံစံနတ်ကတော်ကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ မွှေချက်ကတော့ လွန်လွန်းတယ်ဇာတ်ကားက ပထမဆုံးကားပါတဲ့။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာသရုပ်ဆောင် ငှက်ပျော်ကြော်နဲ့အတူ တွဲဖက်သရုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)က ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်နဲ့ ယွန်းရွှေရည် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD