AD
AD
AD

အွန်လိုင်းပေါ်က ဓာတ်ပုံလှလှလေးတွေရဲ့ပိုင်ရှင် ယမင်းမေဦးတစ်ယောက် ဇာတ်ကားတွေရိုက်တုန်းက ပရိသတ်တွေမသိခဲ့ကြပေမယ့် ဓာတ်ပုံလှလှလေးတွေကြောင့် ဝန်းရံလာတဲ့ ပရိသတ်တွေကို ချစ်တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အွန်လိုင်းမှာ ယမင်းကိုချစ်ပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ အရင်တုန်းက ဇာတ်ကားတွေရိုက်တုန်းက ယမင်းကို လူတွေသိပ်မသိခဲ့ဘူး Facebook ပေါ်မှာ ပုံလေးတွေတင်ရင်း၊ Share ကြရင်းက ညီမကို လူတွေသတိထားမိလာတဲ့အတွက် အွန်လိုင်းပေါ်မှာ ညီမကိုအားပေးနေတဲ့ပရိသတ်တွေအများကြီးကို ကျေးဇူးလည်းတင်ပါတယ် ချစ်လည်းချစ်ပါတယ်'' လို့ ဆိုပါတယ်။

play

 

ဓာတ်ပုံလှလှလေးတွေဖြစ်အောင် ဖန်တီးပေးတာကလည်း ဖေဖေ ပါတဲ့။

'' သူတို့ကလည်း Facebook မှာတင်တဲ့ပုံလေးတွေကိုချစ်လို့ထင်ပါတယ်။ ညီမ ရခိုင်ဓာတ်ပုံလေးတွေ စတင်တုန်းက ပရိသတ်တွေ အားပေးကြတယ်။ ပရိသတ်တွေချစ်ကြတာကြောင့်လည်း ဓာတ်ပုံလေးတွေတင်ချင်စိတ်ပေါက်လာတယ်။ ခရီးသွားတယ် အများကြီး ရိုက်တယ် ညီမရဲ့ Photograph ကလည်း ဖေဖေဆိုတော့ သွားလေရာ ပါတယ်'' လို့ဆိုပါတယ်။

play

 

ယမင်းမေဦးကိုတော့ ပရိသတ်တွေက အွန်လိုင်းပေါ်မှာတင်လိုက်တဲ့ အလှဓာတ်ပုံလေးတွေကနေတဆင့် ပရိသတ်တွေ အားပေး လာကြတာပါ။ အခုဆိုရင်တော့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးနေရပါပြီ။ ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ သရဲဆိုတာ ဂျိုနဲ့လားဟေ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဧပြီလအတွင်း ရုံတင်ပြသတော့ မယ်လို့ သိရပါတယ်။

Photo- ယမင်းမေဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD