AD
AD
AD

သရုပ်ဆောင်ခန့်စည်သူတစ်ယောက် အခုနောက်ပိုင်းမှာ ဟာသဇာတ်ကားတော်တော်များများရိုက်ကူးနေရပေမယ့်လည်း ပရိသတ်က ကြိုက်ရင်ကြည့်မယ်၊ မကြိုက်ရင်မကြည့်ဘူးလို့ မီဒီယာတွေကနေတဆင့်ပြောလာခဲ့ပါတယ်။

play

 

'' ဒါကလည်း ပရိသတ်ကိုပဲမေးရမှာပါ ပရိသတ်က မကြိုက်ဘူး မကြည့်ချင်ဘူးဆိုရင် ဘယ်ကားမဆို ချုပ်ငြိမ်းသွားမှာပဲ၊ လူဆိုတာအမျိုးမျိုးရှိတယ်အရင်ကားတွေကျတော့ကောင်းတယ် အခုကားတွေကျတော့မကောင်းဘူးဆိုတာတွေတော့ရှိမှာပဲ။ ဘယ်သူမဆို ဆီဦးထာပတ်တော့ စားချင်ကြမှာပဲ'' လို့ သူကဆိုပါတယ်။

play

 

အခုလက်ရှိရိုက်ကူးနေတဲ့ဟာသ ရုပ်ရှင်ဇာတ်ကားအကြောင်းကိုလည်းပြောပြခဲ့ပါတယ်။

'' မေဂယက်တို့ရပ်ကွက်ဆိုတာကို ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးနေတာပါ။ ကျွန်တော်နဲ့ အတူပါဝင်သရုပ်ဆောင်နေတာကတော့ ကိုရန်အောင်ရယ်၊ စိုးမြတ်သူဇာရယ်၊ မင်းမော်ကွန်းရယ်၊ ကျွန်တော်ရယ်၊ ဇေရဲထက်ရယ်၊ မခိုင်လေးရယ်၊ ရွှေမှုံရယ် ပါဝင်ပြီးသရုပ်ဆောင်နေတာပါ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ခန့်စည်သူကတော့ လက်ရှိရုံတင်ပြသနေတဲ့ အသည်းကွဲပါတီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကလည်း ဟာသရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ အသည်းကွဲပါတီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညီညီထွန်းလွင်က ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်ကားထဲမှာ ခန့်စည်သူနဲ့အတူ ထွန်းထွန်း၊ ဇေရဲထက်၊ မျိုးသန္တာထွန်း နဲ့ ရွှေမှုံရတီတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: Khant Si Thu Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD