AD
AD
AD

အနုပညာအလုပ်တွေရော၊ ပရိသတ်တွေနဲ့ပါ ၅နှစ်နီးပါး ဝေးကွာခဲ့တဲ့ သရုပ်ဆောင်ဂန္ထဝင်တစ်ယောက် အနုပညာအလုပ်တွေ ပြန်လုပ်နေပြီလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အနုပညာလောသားတွေနဲ့ ကိုယ်ကမစိမ်းဘူးလေ အနုပညာလောကသားတွေနဲ့ပြန်လည်တွေ့ဆုံမှုကလည်း ရိုက်ကွင်းပေါ်မှာ သာမတွေ့တာ၊ Facebook ပေါ်မှာလည်း Fri ဖြစ်တာတွေရှိတယ်၊ သာရေးနာရေး အလှူတွေလည်းသွားနေရတဲ့အတွက် ရုပ်ရှင် ထဲမှာသာမတွေ့ဖြစ်တာ၊ အပြင်မှာလည်း အထိအတွေ့မပြတ်ဘူးဆိုတော့ ပြန်ဝင်ရတာကလည်း အစိမ်းသက်သက်မဖြစ်ပါဘူး'' လို့ဆိုပါတယ်။

play

 

လူငယ်ပရိသတ်တွေရဲ့ ပြန်လည်အားပေးမှုတွေအပေါ် သူ့ရဲ့ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' အစ်မတို့ အချိန်ကာလတုန်းက အနုပညာသမားတွေ တချို့ငြိမ်နေပြီးမှ ပြန်ရိုက်တဲ့အခါကျတော့ မသိသေးတဲ့ပရိသတ်တွေက သူတို့အတွက် အမြင်အသစ်လိုမျိုး ဝန်းရံကြတာကိုမြင်ရတဲ့အတွက် ဝမ်းသာတယ်။ ပျော်တယ်၊ ကိုယ်တွေကိုလည်း ပရိသတ်တွေက အရမ်းအားပေးတယ်  ကိုယ့်ရဲ့Page မှာလည်း အမြဲတမ်းထိတွေ့မြင်နေရတဲ့အတွက် အားပေးတဲ့ပရိသတ်ကြောင့် ဝမ်းသာပျော်ရွှင် ရပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ဂန္ထဝင်ကတော့ အခုဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပြန်လည်ရိုက်ကူးနေရပြီလို့ဆိုပါတယ်။ အသက်အရွယ်တစ်ခုအရ ဘာသာရေးကိုပိုလုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

Photo: ဂန္ထဝင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD