AD
AD
AD

သရုပ်ဆောင်၊ ဒါရိုက်တာ ဘုဏ်းသိုက် ဟာ အခုလက်ရှိမှာ စားကျက်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာတစ်ယောက် အဖြစ်ရိုက်ကူး ပုံဖော်နေတာဖြစ်ပြီး မိသားစုအခြေအနေထက် အနုပညာအလုပ်ကိုအောင်မြင်အောင်ကြိုးစားမှဖြစ်မယ်ဆိုတဲ့ ဆန္ဒကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' မိသားစုအခြေအနေကတော့ ကျွန်တော်အလုပ်ကို Target ထားထားတယ်။အနုပညာအလုပ်ကို အောင်မြင်အောင်ကြိုးစားမှဖြစ်မယ်။ ဒီလိုကြိုးစားမှပဲ ကျန်တဲ့အရာတွေပါ ပြောစရာမလိုအောင် အကုန်လုံးအလွယ်တကူဖြစ်သွားမှာဆိုတော့ ကျွန်တော့်အတွက်ကတော့ ဒီအချိန်မှာ ဒီအလုပ်က ဘဝပဲ'' လို့ ဆိုပါတယ်။

play

 

မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးရဲ့ အလုပ်အကိုင်ကလည်း အရေးပါတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။

'' အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ အလုပ်အကိုင်က သူ့မိသားစုရဲ့ပျော်ရွှင်မှုကို တစ်စိတ်တစ်ပိုင်းတော့ ပြဌာန်းတာပဲလေ အလုပ်တွေကောင်းတိုင်းပိုက်ဆံတွေအများကြီးရနေတိုင်းလည်း အောင်မြင်တဲ့မိသားစုတစ်စုကို တည်ဆောက်နိုင်တာ မဟုတ်ဘူး။ ငွေကြေးနည်းနည်းလေးနဲ့လည်း မိသားစုကိုပျော်အောင်ထားနိုင်တာပဲ။ ငွေရေးကြေးရေးနဲ့ အောင်မြင်မှုတွေက မိသားစုနဲ့တော့ မဆိုင်ပါဘူး'' လို့ သူကဆိုပါတယ်။

play

 

ဘုဏ်းသိုက်ကတော့ ရိုက်ကွင်းရှိတိုင်း သမီးလေး မြမိုးဂင်္ဂါကို ရိုက်ကွင်းပေါ်ခေါ်လေ့ရှိပါတယ်။ စားကျက်ရုပ်ရှင်ဇာတ်ကားကြီး ကိုလည်း တောင်တန်းလွင်ပြင်တွေရှိတဲ့ ဒေသတွေမှာ ရိုက်မှာဖြစ်လို့ ခေါ်ထားတယ်လို့ ဆိုပါတယ်။ ဘုဏ်းသိုက်ဟာ အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင်အပိုင်းသာမကဒါရိုက်တာအပိုင်းမှာပါ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။

Photo: ဘုဏ်းသိုက်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD