AD
AD
AD

အနုပညာအလုပ်တွေ အတူတူတွဲလုပ်နေရတဲ့ သရုပ်ဆောင်နေတိုး အကယ်ဒမီဆု ရရှိခဲ့တဲ့အပေါ် သက်မွန်မြင့်က ပျော်လည်း ပျော်တယ်၊ ကျေလည်း ကျေနပ်တယ်လို့ မီဒီယာတွေကနေတဆင့် ဖွင့်ပြောခဲ့ပါတယ်။

play

 

'' အဲ့ဒီဇာတ်ကားမှာကျတော့ ကိုနေတိုးအရမ်းကောင်းတယ်၊ အရမ်းနာမည်ကြီးနေတယ်ဆိုတော့ ကြောက်ကြောက်နဲ့ မျက်စိမှိတ်၊ နားပိတ်ပြီးတော့ ကိုသွားကြည့်တာ။ ကြည့်လိုက်တဲ့အချိန်မှာ အရမ်းလည်းကောင်းတယ် သဘောကျတယ်။ တကယ်လည်းရစေချင်ခဲ့တယ်။ တကယ်ရသွားတော့လည်း ကိုယ့်သူငယ်ချင်းအတွက် ပျော်တာကတစ်မျိုး၊ ဒီကာရိုက်တာလေးနဲ့ ရသွားတဲ့အတွက်လည်း တကယ်ကျေနပ်တယ်'' လို့ ဆိုပါတယ်။

play

 

ကာရိုက်တာအားလုံးကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်လို့ အချင်းချင်းတောင်လေးစားတယ်လို့ ဆိုပါတယ်။

'' ကိုနေတိုးကတော့ ရတဲ့ကာရိုက်တာကို အပီအပြင်လုပ်နိုင်တဲ့သူ အရမ်းကို စိတ်နှစ်ပြီးတော့လုပ်တယ်။ ကိုယ်တွေအချင်းချင်း ကိုလေးစားရတဲ့၊ အားကျရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဒီကာရိုက်တာကလည်း သူ့အတွက် ခက်ခဲမယ်လို့မထင်ဘူး။ လုပ်နိုင်မယ် ဆိုတာ ယုံကြည်ပြီးသားပါ။လုပ်လည်း လုပ်နိုင်ခဲ့တဲ့အတွက် သူနဲ့ ထိုက်တန်တယ်လို့ သက်မွန်ထင်တယ်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်နေတိုးနဲ့ သရုပ်ဆောင်သက်မွန်မြင့်တို့ အနုပညာသူငယ်ချင်းနှစ်ယောက်ဟာ ဗီဒီယိုဇာတ်ကားတွေရော၊ ရုပ်ရှင် ဇာတ်ကားကြီးတွေကိုပါ အတူတွဲပြီးသရုပ်ဆောင် နေရတာပဲဖြစ်ပါတယ်။ သူတို့ နှစ်ယောက်စလုံးကလည်း အကယ်ဒမီ ရွှေစင်ရုပ်ထု ကိုယ်စီ ပိုင်ဆိုင်ထားတဲ့အနုပညာရှင်တွေဖြစ်သလို ပရိသတ်တွေ အချစ်ခံရဆုံး မင်းသား၊ မင်းသမီးတွေ လည်းဖြစ်ပါတယ်။

Photo: သက်မွန်မြင့်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD