AD
AD
AD

အနုပညာအလုပ်ကို တကယ်ဝါသနာပါပြီး စိတ်ဝင်တစားဆောင်ရွက်ခဲ့လို့ ဆယ်စုနှစ်ကျော်အထိ အောင်မြင်နေဆဲ အကယ်ဒမီ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်တစ်ယောက် မျိုးဆက်သစ် အနုပညာရှင်လေးတွေအတွက် Duwun Media ကနေတဆင့် အကြံပြုစကားဆိုခဲ့ပါတယ်။

play

 

'' အများကြီး အကြံပေးစရာမလိုပါဘူး အခုခေတ်ကလေးတွေက မခိုင်တို့တုန်းကထက် အများကြီးပိုသိတယ်။ မခိုင်တို့ တုန်းက ဆိုရင်လေ အိုက်တင်လုပ်ရမှာလဲ မသိဘူး။ မသိတဲ့အပြင် ရှက်ကလည်း ရှက်သေးတယ်၊ နှုတ်ခမ်းလေးစူပြပါ မျက်လုံးလေး ပင့်ပေးပါ ဆိုတာက အစရှက်နေတာ တော်တော်နဲ့ကြာတယ်'' လို့ ဆိုပါတယ်။

play

 

ဝင်ရောက်လာတဲ့ အနုပညာရှင်အသစ်လေးတွေက အရမ်းတော်တယ်လို့ ချီးကျူးခဲ့ပါတယ်။

'' အခုခေတ်ကလေးတွေကတော့ အခုမှ ဝင်လာတယ် အခု အကုန်လုပ်တတ်တယ်။ ဒီခေတ်ကလည်း ပွင့်လင်းမြင်သာတဲ့ခေတ် ရောက်နေပြီအင်တာနက်ခေတ် ရောက်နေပြီဆိုတော့ သူတို့အရမ်းတော်ပါတယ်။ မခိုင်တို့တောင်မှ တစ်ခါတစ်လေကျရင် ပြန်ငေးနေရတယ်။ အိုက်တင်ပိုင်း အဝတ်အစားပိုင်း သူတို့အရမ်းကိုတော်ပြီးသားပါ'' လို့ အကယ်ဒမီခိုင်သင်းကြည်က ဆိုပါတယ်။

play

 

အနုပညာအလုပ်ကို အားကြိုးမာန်တက်ဆောင်ရွက်နေကြတဲ့ သရုပ်ဆောင်အသစ်လေးတွေအတွက် ခိုင်သင်းကြည်က စကား လက်ဆောင် ပါးခဲ့ပါသေးတယ်။ 

'' မှာချင်တာကလေ ဒီအလုပ်လုပ်မယ်ဆိုရင် ဝါသနာပါမှလုပ်တာကောင်းပါတယ်။ ခဏပေါ်ပင်ဆိုရင်တော့ ခဏလေးနဲ့ပြီးသွားမှာပေါ့ မခိုင်တို့လို ရေရှည်ခံမှာမဟုတ်ဘူး။ မခိုင်တို့က နှစ်ပေါင်း ၂၀ လောက်ရှိတယ်ဆိုတာကလည်း အနုပညာအလုပ်ကို အရမ်း ဝါသနာ ပါပြီးတော့ လုပ်လာတာ အောင်မြင်ချင်လို့လည်းမဟုတ်ဘူး၊ နာမည်ကြီးချင်လို့လည်းမဟုတ်ဘူး၊ ပိုက်ဆံရချင်လို့မဟုတ်ဘူး၊ ဝါသနာ ပါလို့ လုပ်နေရာကနေ သူ့ဘာသာသူ အနုပညာကြေးတွေရလာတယ် အောင်မြင်လာတယ်ပေါ့။ အဲ့ဒါတွေကို မက်ပြီးတော့ လာရင် တော့ ခဏလေးတော့ နာမည်ကြီးမယ် ဆယ်စုနှစ်မကျော်ပဲပျောက်သွားမယ်ပေါ့''  လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်ဟာ အခုဆိုရင် သမီးလေး စံထိပ်ထားနဲ့အတူ TV ကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေရိုက်ကူး နေရတာဖြစ်ပါတယ်။သမီးလေး စံထိပ်ထားဦးကိုလည်း လက်ရှိမှာ စာကြိုးစားစေချင်တာကြောင့် သရုပ်ဆောင်ဘက်ကို လက်တွဲ မခေါ်သေးဘူးလို့ သိရပါတယ်။

Photo: ခိုင်သင်းကြည်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD