AD
AD
AD

၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု ဟာ ဒီဆုကို မျှော်လင့်မထားပဲ ရရှိလာတဲ့အတွက် အရမ်းလည်း ဝမ်းသာသလို တွန်းအား အကြီးကြီးလည်းဖြစ်ပါတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

play

 

'' အမှန်အတိုင်းပြောရရင် ဇာတ်ဆောင်ဆုဆိုတာကို လုံးဝမမျှော်လင့်ရဲသေးဘူးပေါ့။ အဲ့ဒါကြောင့်လဲ ကိုယ့်ကိုယ်ကို မရနိုင်ဘူးလို့ သတ်မှတ်ထားတာပါ။ သု အနေအထားနဲ့ ဆုရတယ် ဆိုကတည်းက အရမ်းကိုပျော်နေပါပြီ။ ဒီဆုရပြီဆိုကတည်းက သုအတွက် အများကြီးအားရှိစေပါပြီ  ရှေ့ဆက်ကြိုးစားပြီးလုပ်ရမယ့်အလုပ်တွေအတွက် တကယ့်ကို တွန်းအားအကြီးကြီးပါ'' လို့ ဆိုပါတယ်။

play

 

ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားတွေလည်းရှိတယ်လို့ဆိုပါတယ်။

'' ဝယ်ထားတဲ့ ဝတ္ထုတွေတော့ရှိပါတယ်။ ဘယ်အုပ်ရိုက်ဖြစ်မလဲတော့ မသိသေးပါဘူး။ ဒါရိုက်တာဦးကျော်ဇောလင်းနဲ့ သုတို့ ထုတ်လုပ်ရေးကပဲ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ရှိပါတယ်။ မင်းသားကြီးတွေက ဦးရန်အောင် ၊ ဦးရဲအောင်၊ ဦးလွင်မိုး၊ ဦးလူမင်း ပေါ့နော်။ မင်းသားဆိုရင် အောင်ရဲလင်း ပါမယ်။ ပြီးတော့ အန်တီမို့နဲ့ သုပါ'' လို့ သူကဆိုပါတယ်။

play

 

ပိုင်ဖြိုးသူဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ( 3 Girls) ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကတော့ နေဝင်အိပ်တန်းတက် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်ဆောင်ဆုကို မျှော်လင့် ထားတာပါ။ ပိုင်ဖြိုးသုကိုယ်တိုင်ကလည်း အနုပညာ သက်တမ်းနုသေးတာကြောင့် အကယ်ဒမီဆုကို မျှော်လင့်မထားပါဘူးလို့ အကယ်ဒမီပေးပွဲမတိုင်ခင် အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Photo: ပိုင်ဖြိုးသု ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD