AD
AD
AD

ပရိသတ်တွေရဲ့အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ကတော့ မတ်လ ၂၉ ရက်နေ့မှာပဲ သူ့ရဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်တစ်ပုဒ်ကို အွန်လိုင်းကနေ တင်ပေးခဲ့ပါတယ်။

play

 

'' Dear Fans , This one is for you သိဂါင်္ရသီချင်းတစ်ပုဒ်, Sai Sai Kham Leng , Feat. Mg Mg Pyae Sone, Directed by Win Lwin Htet'' ဆိုပြီးတော့ မိတ်ဆက်ပေးခဲ့တာပါ။ အားပေးကြည့်ရှုသူ ပရိသတ်တွေကလည်း သိန်းနဲ့ချီရှိခဲ့ပါတယ်။ ဒီသီချင်းလေးကလည်း စိုင်းစိုင်း ဆိုနေကြသီချင်းပုံစံတွေထက် နည်းနည်းလေးကွဲထက်နေပါတယ်။

play

 

စိုင်းစိုင်း ကတော့ ဧပြီလ ၁ ရက်နေ့မှာ စိုင်းစိုင်းကစိုင်းစိုင်း ဆိုတဲ့ တစ်ကိုယ်တော်အခွေအသစ်ကို ပရိသတ်ဆီအရောက် ပို့ဆောင်တော့မှာ ဖြစ်ပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ မန္တလေးမှာ Frenzo Show ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ Frenzo Artis တွေ၊ သူငယ်ချင်းတွေဖြစ်တဲ့ Snare အဖွဲ့၊ G Fatt ၊Bunny Phyo စတဲ့အဆိုတော်တွေလည်း ပါဝင် သီဆိုသွားမှာဖြစ်ပါတယ်။

play

 

ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် ၃၈ နှစ်ပြည့် မွေးနေ့ကိုတော့ ရန်ကုန်မှာပဲ ကျင်းပပြုလုပ် သွားမယ် လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲမှာလည်း စိုင်းစိုင်းရဲ့ သီချင်းအသစ်တွေကို ပရိသတ်တွေ နားဆင်ရဦးမှာပါ။

Photo: စိုင်းစိုင်းခမ်းလှိုင်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD