AD
AD
AD

ပျော်ပျော်ပါးပါး ဟာသဇာတ်ကားကိုမှ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မကြာခင်မှာ ရုံတင်ပြသတော့မယ့် မွှေချက်ကတော့ လွန်လွန်းတယ် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်းအကျဉ်းလေးကို Duwun Media ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

play

 

'' ပြင်ဦးလွင်မြို့မှာရှိတဲ့ ကျေးရွာတစ်ရွာမှာ စိန်တိုးနဲ့ ရွှေတိုးဆိုတဲ့ သားအဖနှစ်ယောက်နေထိုင်ပါတယ်။ ဦးစိန်တိုးကတော့ စိုက်ပျိုးရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်သလောက် သားဖြစ်သူရွှေတိုးကတော့ ရွာရိုးကိုးပေါက်လျှောက်သွားရင်း တစ်နည်းမဟုတ် တစ်နည်း မွှေလိုက်ရမှ စားလို့ဝင် အိပ်လို့ပျော်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။

play

 

ရွှေတိုးတစ်ယောက် ပြဿနာရှာလိုက်တိုင်း သူကြီးဖြစ်သူ ဘကြီးအောင် အိမ်က ထိပ်တုံးစာ ခဏခဏမိတာပေါ့။ ဘကြီးအောင် ဆီမှာ လည်း မဝါဆိုတဲ့ ညီမနဲ့ ဝတ်မှုံဆိုတဲ့ သမီးတစ်ယောက်ရှိပါတယ်။ ဝတ်မှုံက တစ်ရွာလုံးမှာ ချစ်စရာအကောင်းဆုံးနဲ့ အလှဆုံးဖြစ်လို့ သူ့ကို ပိုးကြပန်းကြတဲ့ ယောက်ျားသားတွေထဲမှာ ရွှေတိုးလည်း အပါအဝင်ပါပဲ။

play

 

ရွှေတိုးတို့ရွာမှာ တစ်ယောက်တစ်မျိုးဝါသနာတွေရှိကြပေမယ့် စာရူးပေရူးမင်းမင်းထွန်း၊ ဘိုရူးတွေဖြစ်ကြတဲ့ ဂျောနီ သာထွား၊ ဂျွန်ဖိုးကင်း၊ နတ်ကတော်နှစ်ယောက်အပြင် စပါးပွဲစား မြေပွဲစား အောင်မင်းနိုင်ကလည်း အဝင်အထွက်ရှိပါတယ်။ အောင်မင်းနိုင် ကလည်း ရွှေတိုးနဲ့အပြိုင် ဝတ်မှုံကို ပိုးပန်းနေသူတစ်ယောက်ဖြစ်ပါတယ်...''  တစ်ယောက်တစ်မျိုးစီ ဝါသနာပါကြသူတွေကို ရွှေတိုးက ဘယ်လိုပတ်မွှေမှာလဲ ဆိုတာကို ကျေးလက်ဟာသဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ မွှေချက်ကတော့ လွန်လွန်းတယ် ရုပ်ရှင်ဇာတ်ကား ကြီး ကို မတ်လ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်လို့ သွားရောက်အားပေးလို့ ရအောင် တိုက်တွန်းလိုက်ပါတယ်နော်။

play

 

ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီး ထဲမှာ အကယ်ဒမီနေတိုး၊ အကယ်ဒမီ သက်မွန်မြင့်၊ ယွန်းရွှေရည်၊ဝါဝါအောင်၊ ဦးအောင်လွင်၊ အရိုင်း၊ ကင်းကောင်၊ ညှောင်ညှောင်၊ ငှက်ပျောကြော်၊ ဟိန်းမင်း၊ အကယ်ဒမီအောင်ခိုင်၊ ကိုပေါက်၊ ဇင်မျိုး နဲ့ Five Stars အဖွဲ့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD