AD
AD
AD

အောင်မြင်မှုတွေ အများကြီးရရှိနေတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကို စင်္ကာပူမှာရှိတဲ့ ပရိသတ်တွေအားပေးလို့ရအောင် မတ်လ ၃၀ရက်၊ ၃၁ ရက်နဲ့ ဧပြီလ ၁ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို' လို့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Facebook Page ကနေ ကြေငြာခဲ့ပါတယ်။

play

 

'' စင်္ကာပူကချစ်ပရိတ်သတ်ကြီးတို့ရေ မတ်လ ၃၀,၃၁ နဲ့ ၁ ရက်နေ့များအတွက် Ticket များကို City Hall Penisula Plaza က ရဲ့ရင့် Cafe မှာ Deception SG Team မှ အားကြိုးမာန်တက် လက်မှတ်ရောင်းနေပါတယ်နော်။ အားပေးမှုများတဲ့အတွက် လက်မှတ် မကုန်ခင် မြန်မြန်လေးဝယ်ရအာင်လို့ပါ။မနက် ၁၁:၀၀ မှစတင်၍ ည ၉ နာရီထိ (စနေ ၊ တနင်္ဂနွေ) ၊ ညနေ ၆:၃၀ မှစတင်၍ ည ၉ နာရီထိ (တနင်္လာ မှ သောကြာ)တွေ့ရတော့မယ်နော်!! ရင်တွေခုန်လိုက်တာ'' လို့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Offical Facebook Page ကနေ ရေးသားခဲ့ပါတယ်။

play

 

စင်္ကာပူနိုင်ငံကိုတော့ မတ်လ ၂၉ ရက်နေ့ညမှာ ရောက်ရှိမယ်လို့ သိရပါတယ်။

'' Singapore မှ ချစ်ပရိတ်သတ်များကို အသိပေးချင်ပါတယ်။ ဥပါယ်တံမျဉ်အဖွဲ့သားများ ၂၉.၃.၂၀၁၈ ည ၈:၄၅ လေယာဉ်နဲ့ Changi Airport Terminal 3, MNA လေယာဉ်နဲ့ ဆိုက်ရောက်မှာဖြစ်တဲ့အကြောင်း လက်တို့လိုက်ပါတယ်နော်'' လို့ ဆိုပါတယ်။

play

 

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်မှာရှိတဲ့ ချယ်ရီလွင် ရုပ်ရှင်ရုံမှာ မတ်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ရုံတင်ပြသသွားမှာဖြစ်ပြီး ဟင်္သာတမြို့မှာရှိတဲ့ Paradiso ရုပ်ရှင်ရုံ မှာ မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့ အထိ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

play

 

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ ဇဏ်ခီ၊ အောင်မြင့်မြတ်၊ မင်းဦး၊ ကျော်ကိုကိုဝေ၊ သက်မွန်မြင့်၊ ထိုင်းမင်းသမီး Kaew Korravee နဲ့ ခြူးစစ်ဟန် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: ဥပါယ်တံမျဉ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD