AD
AD
AD

သရုပ်ဆောင်ကျော်သူ တည်ထားကိုးကွယ်တဲ့ မဟာပဏိတပရဟိတအောင်တော်မူစေတီတော်မြတ်ကြီး ဆီကို ပြည်မြို့ကစိန့်ဖရန့်စစ် ဘုရားကျောင်းက စစ္စတာကြီးMary Fartimarနှင့်သားငယ်သမီးငယ် တို့က လာရောက်လေ့လာခဲ့ကြတယ်လို့ ကျော်သူ့ရဲ့ ဖေ့စ်ဘုတ် အကောင့်မှာ ရေးသားခဲ့ပါတယ်။

play

 

'' ပရဟိတစေတီရောက် စိန်ဖရန့်စစ်သားငယ်သမီးငယ်များ။ ဦးကျော်သူတည်ထားကိုးကွယ်လျှက်ရှိသော မဟာပဏိတပရဟိတ အောင်တော်မူစေတီတော်မြတ်ကြီး သို့ပြည်မြို့ရှိစိန်ဖရန့်စစ်ဘုရားကျောင်းမှ စစ္စတာကြီးMary Fartimarနှင့်သားငယ်သမီးငယ် များလာရောက်လေ့လာခဲ့ကြပြီးဘာသာပေါင်းစုံငြိမ်းချမ်းရေးကျောက်တိုင်၌ပျော်ရွှင်စွာအမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်'' လို့ ရေးသားခဲ့ပါတယ်။

play

 

မဟာပဏိတပရဟိတအောင်တော်မူစေတီတော်မြတ်ကြီး ကို ပြည်မြို့အနောက်ဘက်ကမ်း ပန်းတောင်းမြို့နယ် ရွှေဘုံသာမုနိဘုရား အနီး မှာ တည်ထားကိုးကွယ်တာဖြစ်ပါတယ်။ သရုပ်ဆောင်ကျော်သူကတော့ နာရေးကူညီမှုအသင်း ဆောင်ရွက်နေရင်းသာမက တခြား ပရဟိတလုပ်ငန်းတွေကိုပါ ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဘုရားတည် ကျောင်းဆောက် အလုပ်တွေကိုလည်း ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်နဲ့ တက်ညီလက်ညီဆောင်ရွက်နေသူဖြစ်ပါတယ်။

play

 

မဟာပဏိတပရဟိတအောင်တော်မူစေတီတော်မြတ်ကြီး တည်နေစဉ်အတွင်းမှာလည်း ပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိဘုရား အနီးရှိ"ပရဟိတစေတီတော်"ကုန်းတော်အားစိမ်းလမ်းစိုပြေသာယာလှပရေးအတွက်ရန်ကုန်မြို့ရှိ ကိုအောင်ကြီးနှင့် ခွန်ကျော်သူ အဖွဲ့နှင့်Kကိုယ့်အမှိုက်ကိုယ်ရှင်းအဖွဲ့မှကိုငယ်တို့အဖွဲ့အပြင်နာကူရန်ကုန်မှလာရောက်ကုသိုလ်ပြုကာစက္ကူပန်းပွင့်အပင် များ စိုက်ပျိုးခြင်းမြေလွှာပြုပြင်ပေးခြင်းတို့ကိုလာရောက်လုပ်ဆောင်ပေးခဲ့တယ် လို့ သိရပါတယ်။

Photo: ကျော်သူဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD