AD
AD
AD

မတ်လ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ သရုပ်ဆောင်အကယ်ဒမီ ဝါဝါအောင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ကတော့ သရုပ်ဆောင် ဝါဝါအောင်က နယ်က ရိုက်ကွင်းတစ်ခုကိုရောက်နေတာကြောင့် ချစ်ရတဲ့ခင်ပွန်းဖြစ်သူ သရုပ်ဆောင်အကယ်ဒမီအောင်ခိုင် က Duwun Media ကနေ မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါတယ်။

play

 

'' မိန်းမိန်းရေ ဒီနေ့ကျရောက်တဲ့မွေးနေ့ကစပြီးတော့ မိခင်ကြီးအပေါ်မှာ ဒီ့ထက် သိတတ်သောသမီး၊ အားပေးတဲ့ ပရိသတ်အပေါ်မှာ ဒီ့ထက်တာဝန်ကျေသော အနုပညာရှင်၊ ဘယ်လို အတိုက်အခိုက်တွေပဲရှိနေ ရှိနေ  နောင်နှစ်ပေါင်းများစွာတိုင် ပရိသတ်အားပေးမှု အပြည့်အဝရရှိတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်အဖြစ် ဆန္ဒနဲ့ခန္ဓာ တစ်ထပ်တည်းကျနိုင်ပါစေ'' လို့ ဆုတောင်းပေးခဲ့ပါတယ်။

play

 

ချစ်ဇနီးဝါဝါအောင်ရဲ့ မွေးနေ့မှာလည်း ဘုရားသွားပြီး မွေးနေ့ဆုတောင်းပြုလုပ်ပေးမယ့်အပြင် မွေးနေ့အကြိုအဖြစ် အလှူအတန်း ပြုလုပ်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' မွေးနေ့အကြိုအဖြစ် ကျိုက်ထိုက ခလွန်ဆိုတဲ့ရွာမှာ စေတီရန် တစ်ဆူအဖြစ် အကယ်ဒမီအောင်ခိုင်၊ အကယ်ဒမီဝါဝါအောင် ဆိုပြီး တော့ အထိမ်းအမှတ်အဖြစ်လှူထားတယ်။ အဲ့ဒီရွာမှာပဲ လက်ကျိုးနေတဲ့ အဘွားတစ်ယောက်ကို အားဆေးတွေလည်း လှူထား သေး တယ်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီဆုရှင်တွေဖြစ်ကြတဲ့ အောင်ခိုင်နဲ့ ဝါဝါအောင်တို့ကတော့ အရမ်းကိုချစ်ကြတဲ့ အနုပညာရှင်စုံတွဲတစ်တွဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို တစ်ယောက်နဲ့ တစ်ယောက်ဖေးမကူညီဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။

Photo: အောင်ခိုင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD