AD
AD
AD

အဆိုတော် မေခလာတစ်ယောက် မတ်လ ၃၀ ရက်နေ့ မနက်မှာပဲ မိသားစုနဲ့အတူ သစ်တံခါးဆရာတော်ကြီးရဲ့ကျောင်းမှာ အလှူပြု လုပ်ခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play

 

'' သစ်တံခါးဆရာတော်ကြီးရဲ့ကျောင်းမှာ သံဃာတော်မြတ်များနဲ့ ဆရာတော်ကြီးအား လှု ဖွယ် ဝထ္ထူ နှင့်အတူ နေ့ဆွမ်း ကပ်လှု ပူဇော်ခဲ့ပါတယ်ပြု့သမျှ ကုသိုလ် အပေါင်း အမျှ အမျှအမျှ ပေးဝေပါတယ် သာဓု ခေါ် ဆို နိုင်ကြပါစေ'' လို့ ဆိုပါတယ်။

play

 

မေခလာကတော့ မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲတော်ကြီးအတွက် ဂီတဖျော်ဖြေပွဲမှာ သီချင်းသွားရောက်သီဆိုပြီး ပြန်ရောက်လာတာပဲ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ မေခလာနဲ့အတူ အိမ်မက်ဆုံရာ က မင်းဇော် ပြည့်ဖုန်းမော်တို့ ကတွဲဖက်သီဆိုပေးခဲ့ကြတယ်လို့ သိရပါတယ်။ပွဲတော်ကြီးမှာလည်း လာရောက်အားပေးကြတဲ့ ပရိသတ်တွေများပြားလွန်းတာကြောင့် ဝမ်းသာနေတယ်လို့ ဆိုပါတယ်။

play

အဆိုတော်မေခလာဟာ ဂီတသက်တမ်း နှစ် ၃၀ ကျော်ဖြတ်သန်းခဲ့လာခဲ့ပြီး အခုချိန်ထိ အားပေးကြဆဲ ပရိသတ်တွေရှိသလို သူ့ရဲ့ သီချင်းတွေကလည်း ဒီနေ့ ခေတ်လူငယ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေပါသေးတယ်။ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေ သလို ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ အလှကုန်ပစ္စည်းထုတ်လုပ်မှုအပိုင်းမှာလည်း ဦးဆောင်နေတဲ့သူဖြစ်ပါတယ်။

Photo: မေခလာဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD