AD
AD
AD

ည ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ Supense horror ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်မယ့် သရုပ်ဆောင်အသစ်လေးတွေကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မိတ်ဆက်ပေးလိုက်ပါတယ်။

play

 

'' ကျတော်ရဲ့ ဒုတိယမြောက် ရုပ်ရှင် suspense horror မှာ ပါဝင်မယ့် သရုပ်ဆောင်သစ်များပါ။ ည တုန်းက သရုပ်ဆောင် အသစ် စက်စက် ၁၀ ယောက်ကို အားပေးခဲ့သလို ဒီရုပ်ရှင်မှာလဲ အသစ်များရဲ့ အရည်အသွေးကို မြင်ရမှာပါ။ မြတ်နိုးအေး ကိုတော့ "ည" ရုပ်ရှင် ပရိသတ်တွေ ရင်းနှီးပြီးဖြစ်မှာပါ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်အသစ်လေးတွေကိုလည်း သေသေချာချာ လေ့ကျင့်မှုတွေပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

'' ကျန်သရုပ်ဆောင်သစ်များကတော့ ချာလီ ၊ ရှိန်းတင်ထူး နဲ့ ကူးကူးဇင်အောင်တို့ ဖြစ်ပါတယ်။သရုပ်ဆောင်သစ်များဟာ ကျတော်တို့ နဲ့ လပေါင်းများစွာ training  လုပ်ထားတာမို့ ဒီရုပ်ရှင်ဇာတ်ကားမှာ အသစ်များရဲ့ အရည်အချင်းကို ဝါရင့် သရုပ်ဆောင်များနဲ့ အပြိုင် တွေ့ရမှာပါ'' လို့ သူကဆိုပါတယ်။

play

 

ဒါရိုက်တာ ထူးပိုင်ဇော်ဦး ဟာ ည ရုပ်ရှင်ဇာတ်ကားကြီးကနေ တဆင့် အောင်မြင်မှုတွေရရှိလာသူတစ်ဦးပါ။ ဒီရုပ်ရှင်ဇာတ်ကား ကြီးကလည်း ၂၀၁၇ ခုနှစ် အကယ်မီစာရင်းဝင်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပေမယ့် နောက်ဆုံးဆန်ကာတင် စာရင်းမှာ ကျန်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ သူ့အနေနဲ့ ည ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ သရုပ်ဆောင်အသစ်တွေကို မြေတောင်မြှောက်ပေးခဲ့တာဖြစ်ပြီး ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Photo: ထူးပိုင်ဇော်ဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD