AD
AD
AD

အဆိုတော် သားငယ်ရယ်  သူ့ရဲ့ ချစ်ဇနီးလေးရယ်၊ သရုပ်ဆောင်မင်းသွေးရယ် သစ်တံခါးဆရာတော်ကို သွားရောက်ဖူးမျှော်ကြတဲ့ အမှတ်တရပုံလေးတွေကို သားငယ်က သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play

 

သားငယ်ကတော့ ''ကုသိုလ်တော် သစ်တံခါးဆရာတော်ထံမှ မေတ္တာဓါတ်ခံယူပါသည်'' တဲ့ ။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ အဆိုတော်သားငယ်ဟာ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ လမ်းကလေး အခွေထွက်ရှိခဲ့တုန်းကလည်း အခွေရောင်းလို့ရတဲ့ ငွေအမြတ်အစွန်းတွေကို သားငယ်ဖောင်ဒေးရှင်းကနေတဆင့် (ABD) ပရဟိတသွေးအလှူရှင်များအသင်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ပြိုင်ပွဲကြီး ပြီးကတည်းက ကြိုးစားအားထုတ်ခဲ့ရတဲ့ လမ်းကလေး တစ်ကိုယ်တော်အခွေကိုလည်း ဖေဖော်ဝါရီလ အတွင်းမှာ ထွက်ရှိခဲ့ပါတယ်။

Photo: သားငယ်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD