AD
AD
AD

မတ်လ ၃၁ ရက်နေ့မှာကျရောက်တဲ့ အဆိုတော်အိမ့်ချစ် ဟာ သူ့ရဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေ အများကြီးဆောင်ရွက်နေတာ ဖြစ်ပါတယ်။

play

 

မွေးနေ့ရှင် အဆိုတော် အိမ့်ချစ်ကတော့ ဒီနေ့ မနက်အစောပိုင်း အိမ်က ဘုရားမှာ ''ယနေ့ မွေးနေ့တွင် ခင်ပွန်းကြီး (၁၀)ပါး အား ကန်တော့ပြီး ဓာတ်ကြီး လေးပါးဆွမ်း ကပ်လှူမွေးနေ့ကုသိုလ်'' ပြုခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်လည်း ရွှေတိဂုံစေတီတော်မြတ် ကြီးကို သွားရောက်ဖူးမျှော်ခဲ့ပြီး ရွှေသက္ကင်္န်းတော် ကပ်လှူရန် သုံးသောင်းကျပ်တိတိ လှူဒါန်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ကမ္ဘာအေးစေတီတော်ကြီးကို သွားရောက်ဖူးမျှော်ရင်း ''ငါးလွှတ် ငါးစာကျွေး ခိုစာကျွေး'' ခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play

 

အိမ့်ချစ် ဟာ မတ်လ ၃၀ ရက်နေ့တုန်းကလည်း မွေးနေ့အကြို အလှူအဖြစ် ဝဠုဝန်နိကာယကျောင်းက ကလေး တွေကို အလှူအတန်းတွေလုပ်ပြီး Yangon Water Boom ကိုလည်း လိုက်ပို့ပေးခဲ့ပါတယ်။

play

 

အဆိုတော်အိမ့်ချစ်ဟာ သူ့ရဲ့ အသက် ၂၇ နှစ်ပြည့်မွေးနေ့ အမှတ်တရလေးကိုကုသိုလ်ရေးအလုပ်လေးတွေနဲ့ ဖြတ်သန်းနေတာဖြစ်ပါ တယ်။ သူကတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်သာမက ကိုယ်ပိုင်စီးပွားရေး မှာလည်း ဦးစီးဦးဆောင်ပြုနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo: အိမ့်ချစ်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD