AD
AD
AD

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော်အခွေအသစ်ဖြစ်တဲ့  Sai Sai is Sai Sai တစ်ကိုယ်တော်အခွေကို ဧပြီလ ၁ ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အဲ့ဒီညမှာပဲ အခွေထဲက သီချင်းတွေကို အလွယ်တကူ ကူးယူနိုင်ဖို့အတွက် Dowonload link တွေက Facebook တခွင်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုရေးသားခဲ့ပါတယ်။

play

 

''သီချင်းတစ်ခွေ ၃၅၀၀ ကျပ်ဟာတေးရေး/တေးဆို/တီးခတ်/ထုတ်လုပ်နဲ့ ဒီproduction မှာပါဝင်သူတွေအားလုံး ခွဲဝေရရှိတာ ဖြစ်ပါတယ်။ ကိုယ့်ရပိုင်ခွင့်တွေမရရှိရင် ဒီဂီတလုပ်နေတဲ့သူတွေ တဖြည်းဖြည်းနဲ့ ပိုပိုဒုက္ခရောက်လာပြီးတော့ ထပ်မံထုတ်လုပ်ဖို့ ခက်ခဲလာမှာပါ'' လို့ ဆိုပါတယ်။

play

 

မူရင်းအခွေဝယ်ယူအားပေးမယ့် ပရိသတ်တွေအတွက်လည်း အခုလိုစကားလက်ဆောင်ပါးခဲ့ပါတယ်။

''(စိုင်းစိုင်းတစ်ယောက်တည်းနဲ့အခွေတစ်ခွေမဖြစ်ပါဘူး )စိုင်းစိုင်းပရိသတ်များအနေနဲ့ Download link တွေကို မ share ဖို့နဲ့ အားပေး ခြင်းမပြုလုပ်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပြီးတော့ မူရင်းအခွေ ဒါမှမဟုတ် Myannmar Music Store ကနေ digital download ဝယ်ယူ ထားသူများကလည်း မိမိအမှန်အကန်အားပေးကြောင်းကိုဂုဏ်ယူစွာနဲ့ ကိုယ့် Timeline မှာဓာတ်ပုံတွေတင်ပေးကြပါခင်ဗျား''လို့ စိုင်းစိုင်း က ပြောပါတယ်။

play

 

စိုင်းစိုင်းကတော့ မတ်လ ၁ရက်နေ့က Junction Square မှာကျင်းပပြုလုပ်ခဲ့တဲ့ Sai Sai is Sai Sai တစ်ကိုယ်တော်အခွေ လက်မှတ် ရေးထိုးပွဲကတော့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်စံချိန်တင်ခဲ့တဲ့ လက်မှတ်ရေးထိုးပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၁၀ ရက်နေ့မှာကျရောက်မယ့် စိုင်းစိုင်းရဲ့ မွေးနေ့ပွဲကို ရန်ကုန်မှာပဲ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Photo: စိုင်းစိုင်းပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD