AD
AD
AD
play

 

အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးက ရှေ့သွားနောက်လိုက်ညီလှပါတယ်။  တစ်ယောက်နဲ့တစ်ယောက် ဝါသနာတူရုံသာမက အကြိုက်ချင်းလည်း တူကြတယ်တဲ့။ ကမ်းခြေကြိုက်တာချင်းတူသလို အစားအသောက်တွေ ကြိုက်တာကအစ တူကြတဲ့သူတို့နှစ်ယောက်က လုစားရတဲ့အထိကို ဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။

လုပ်ငန်းတူ ဝါသနာတူ ချစ်သူနဲ့ လက်တွဲရလို့ ပျော်ဖို့ကောင်းတယ်ဆိုပြီး ဝိုင်းစုခိုင်သိန်းက Duwun Media ကို ယခုလိုဖြေဆိုပေးထားပါတယ်။

play

 

"သူနဲ့က အကြိုက်ချင်းလည်း တူတယ်။ဝါသနာချင်းလည်းတူတယ်ဆိုတော့ တိုင်ပင်၇တာလည်း တူတော့ ပျော်ဖို့လည်း ကောင်းပါတယ်။ အမတို့နှစ်ယောက်က ပုံမှန်ထဲကိုက ကမ်းခြေကြိုက်တာချင်းတူတယ်။ အဲ့ဒါကြောင့် ကမ်းခြေသီချင်းတောင် အမဆိုထားတာလေ။ဝါသနာတူတယ်။အကြိုက်ချင်းတယ်တူတယ်။ ညှိရနှိုင်းရတာလည်း ပိုအဆင်ပြေတယ်။

ဒါပေမယ့် တစ်ခုမကောင်းတာက ဟင်းဆိုလုစားရတယ်။ နှစ်ယောက်က အကြိုက်တူတာတောင်မှ သူနဲ့ ချက်ပုံချက်နည်းက အစ အကြိုက်တူတာအဲ့လိုဖြစ်နေတော့ ဟင်းကို လုစားရတယ်။ နှစ်ယောက် အတူတူလက်တွဲဖို့ဆိုတာကတော့ အလုပ်တွေ လုပ်ချင်ပါသေးတယ်။ အမကအလုပ်လောဘကြီးတော့ တစ်ခုပြီးတာနဲ့တစ်ခုစီစဉ်နေတာလေ။အကယ်၍စီစဉ်ပြီဆိုရင်တော့ ပရိသတ်တွေကို အသိပေးမှာပါ။ "ဆိုပြီး Bella Music Festival မှာ  ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

play

 

ဝိုင်းစုရဲ့ လတ်တလော အချစ်ရေးကတော့ အေးအေးဆေးဆေး ဖြစ်နေပြီး စိတ်ချမ်းသာနေရတာကိုလည်း တွေ့ရပါတယ်။ အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးတွဲနေတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ၂၀၁၇ခုနှစ်ထဲမှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ငယ်ရည်စားတွေ ဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုတို့ဟာ သူတို့ရဲ့ အိမ်ထောင်ဖက်တွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့ကြပြီးနောက် ပြန်တွဲခဲ့ကြတာပါ။

Photo : ဝိုင်းစု၊ အောင်လ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD