AD
AD
AD

အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူ တို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ချစ်ဖို့လည်း ကောင်းသလို အားကျဖို့ကောင်းတဲ့ သူတို့စုံတွဲလေးမှာ အမှတ်တရဖြစ်ခဲ့တဲ့ တက်တူးလေး အကြောင်းကို Duwun Media ကနေ ဖွင့်ပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော့်ရဲ့ ပင်ကိုယ်ဗီဇက မိသားစုပဲဖြစ်ဖြစ်ပေါ့။ မိဘတွေကိုတောင်မှ ချစ်တယ် ဘာမှမလုပ်ပေးတတ်ဘူး မွေးနေ့တွေ လက်ဆောင် မပေးတတ်ဘူး။ ကျွန်တော်ညံ့တာပေါ့နော်။ ကျွန်တော်က စိတ်ကူးယဉ်မဆန်ဘူး။ ဘာမှ မပေးတတ်ဘူး ဘာမှလည်း မပေးဖူးဘူး။ အဲ့ဒီတော့ ကျွန်တော် လုပ်နိုင်တာကို အစွမ်းကုန်လုပ်လိုက်တာပါ''လို့ ဆိုပါတယ်။

play

 

မကြာခင်ကချစ်သူနဲ့အတူ ဘန်ကောက်မှာ ရိုက်ထားတဲ့ အလှပုံလေးတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါသေးတယ်။

'' ကျွန်တော် ဘန်ကောက်မှာ သီချင်းဆိုစရာရှိလို့သွားတယ်။ အဖေရော အမေရော ပါတော့ မိသားစုတွေ ဝယ်စရာရှိတာတွေဝယ်ဖို့ အတွက် ကြိုသွားဖြစ်တာပေါ့။ ကောင်မလေးက ပါတာ မဟုတ်ပါဘူး။ သူကအရင်ရောက်နေတာ သူ့အလုပ်နဲ့သူသွားတာပေါ့နော်။ ကျွန်တော်ကလည်း လည်လည်း လည်ချင်တာကြောင့် ကြိုသွားဖြစ်လိုက်တာပါ'' လို့ ရဲရင့်အောင်က ပြောပါတယ်။

play

 

အားကျစရာကောင်းတဲ့ သူတို့ရဲ့ အချစ်ရေးက ဘာကြောင့် ခိုင်မြဲနေတာလဲ ဆိုတော့ .....

'' နှစ်ယောက်စလုံးက လူငယ်တွေလည်းဖြစ်တော့ တစ်ယောက်နဲ့တစ်ယောက် ကို့ရို့ကားယားနိုင်တဲ့ အမူအကျင့်တွေက အများကြီး ရှိတယ်။ ကျွန်တော်ကလည်း စကားပြောတာတွေက သိပ်အချိုးမပြေဘူး။ သူကလည်း သူ့အမူအကျင့်လေးတွေရှိတယ်။ သူမလျှော့ရင် ကိုယ်လျှော့၊ ကိုယ်မလျှော့ရင် သူလျှော့ပေါ့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုတော့ ထားရတာပဲ'' လို့ ဆိုပါတယ်။

play

 

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူ တို့ကတော့ ၂၀၁၇ ခုနှစ် သင်္ကြန်အပြီးမှာ ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်ကြတာဖြစ်ပါတယ်။ နှစ်ယောက် စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ မကြာခင်မှာတော့ သူတို့ရဲ့ ချစ်သူ သက်တမ်းက ၁ နှစ်ပြည့်တော့မှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD