AD
AD
AD

ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် ဂွရိုးပေါ် ဗေဒါဂိတ်အနီး ကြွေချိုင်မှာ ကခဲ့တဲ့ အောင်စန်းပွင့်ဇာတ်အဖွဲ့ ရဲ့ ကား တိမ်းမှောက်မှုအတွက် အနုပညာရှင်များ တတပ်တအား ပါဝင်ကူညီလှူဒါန်းနေကြတယ်လို့ သိရှိရပါတယ်။

play

 

အောင်ဆန်းပွင့်ဇာတ်ကားတိမ်းမှောက်ခဲ့တဲ့ သတင်းစကားကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့တဲ့လူနာတွေ အတွက်  သရုပ်ဆောင် ခင်လှိုင်နဲ့ ဇနီးဖြစ်သူ မငယ်လေးတို့က ငွေကျပ် တစ်သိန်း တစ်သောင်း၊ ဖိုက်စတားအဖွဲ့က ငွေကျပ် ၂ သိန်း၊ အငြိမ့်မင်းသမီး မြတ်နိုးဝါက ငွေကျပ် တစ်သိန်း စတဲ့ အနုပညာရှင်များက လှူဒါန်းထားတယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ဥက္ကဌဖြစ်သူ ဖိုးချစ်ကိုယ်တိုင်ကလည်း အနှေးနဲ့အမြန် ကူညီ ဆောင်ရွက်မှုတွေပြုလုပ် နေ တယ်လို့ သိရပါတယ်။ နောက်ထပ်လည်း ရွှေမန်းသဘင်ဇာတ်အဖွဲ့အစည်းမှလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ ကြပါ သေးတယ်။ ဒါ့အပြင် တခြားအသိအကျွမ်းများနဲ့ ပရိသတ်များကလည်း လှူဒါန်းကြတယ်လို့ သိရပါတယ်။

play

 

အောင်ဆန်းပွင့် ဇာတ်အဖွဲ့ ကား ဟာ ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်က  ဂွမြို့အနီးမှာရှိတဲ့ ချောက်ထဲကို ကားတစ်စီးလုံး ကျ သွားတာဖြစ်ပါတယ်။ ဖြစ်စဉ်ချက်ချင်းအတွင်းမှာပဲ ဒေသခံ စစ်ဘက် နယ်ဘက်၊ ရဲအဖွဲ့များ၊ ပရဟိတအဖွဲ့များမှ ကူညီကယ်တင် ခဲ့ပြီး ရန်ကုန် ဗဟိုသဘင်မှ ဦးမိုးဝင်း ဦးဆောင်သောအဖွဲ့၊သဘင်လူကူ (ဗဟို) မှ ဦးအောင်သော် ဦးဆောင်သော လူနာတင်ကားများ၊ မန္တလေး သဘင်လူကူ၊ မကွေးသဘင်လူကူ တို့အသီးသီးသည် ယနေ့ညတွင်းချင်းအခင်းဖြစ်ပွားတဲ့နေရာကို ကူညီဖို့ ထွက်သွားခဲ့ကြ တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ချက်ချင်းမှာပဲ လူ ၄ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

play

 

ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် ဂွရိုးပေါ် ဗေဒါဂိတ်အနီး ကြွေချိုင်မှာ ကခဲ့တဲ့ အောင်စန်းပွင့်ဇာတ်အဖွဲ့ ရဲ့ ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီ ယာဉ်တိမ်းမှုမှာတော့ သေဆုံးသူ ၆ ဦးရှိပြီး အရေးပေါ်ဆေးရုံရောက်ရှိနေသူ ၁၃ ယောက်ရှိတယ်လို့ သိရပါတယ်။ ကျန်ရှိနေတဲ့ လူတွေကိုတော့ တာဝန်ရှိသူတွေက ရှာဖွေနေတုန်းပဲလို့သိရပါတယ်။

Photo: အောင်သော်ဖေ့စ်ဘုတ်, သျှန်ထွန်း မြန်မာစာဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD